Saturday, February 11, 2012

ရန်ကုန်မြို့တွင် မြေအောက်ရထားလမ်းဖောက်လုပ်တော့မည်..!!

             ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နေချိန်၌ ရန်ကုန် မြို့တော်အား စီးပွားရေးမြို့တော်တစ်ခု အဖြစ် အဆင့်မြှင့်တင်နိုင်ရန် မြေပေါ်မြေအောက် မီးရထား လမ်းများကို ဖောက်လုပ်သွားမယ်လို့ သိရပါတယ်။ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းက ဇန်န၀ါရီ (၂၆) ရက်နေ့မှာ နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြား ခဲ့တာပါ။ အဆိုပါ စီမံကိန်းအတွက် နိုင်ငံခြားပညာရှင်များက ရေးဆွဲနေပြီဖြစ်ကြောင်း သိရပါတယ်။







          နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတဲ့ လက်ရှိ သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက် အချိန်တိုအတွင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု များစွာထဲက ယခုစီမံကိန်းဟာ တစ်ခုအပါအ၀င်
ဖြစ်ပါတယ်။  ဘယ်သူတွေ ဘာပြောပြော၊ အတိုက်အခံတွေ ဘာအော်နေ အော်နေ တိုးတက်မှု အရှိန်အဟုန်မြင့်နေတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ ပြည်သူလူထုက ထောက်ခံတဲ့ အစိုးရနဲ့အတူ ဖွံ့ဖြိုးတိုးတက်မှုတွေ အဆက်မပြတ်ပေါ်ထွန်းနေမှာ ဖြစ်ကြောင်း ရွှေမြန်မာက တင်ပြလိုက်ပါတယ်။










 ရွှေမြန်မာ  
မှ ကူးယူ စုဆောင်းထားခြင်းဖြစ်..!!

















No comments:

Post a Comment