Saturday, March 10, 2012

Core i3, i5, i7 တို့ရဲ့ကွာခြားချက်များ

သူငယ်ချင်းတို့ရေ . . . Computer ရဲ့ Hardware နဲ့ပါတ်သက်ပြီး သိသင့်တယ်ထင်လို့ . . . မျှဝေလိုက်ပါတယ် . . .
ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ….:D


Core i3 , core i5 , core i7 အကြောင်းမပြောခင် core i series ထဲမှာ ပါဝင်တဲ့ သုံးထားတဲ့ နည်းပညာ အသုံး အနှုန်းနဲ့  Architecture , code name တွေ အရင်ပြောပြပါ့မယ် ဘာကြောင့်လဲဆိုတော့ အဲဒါကို သိထားပါမှ ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်….


computer ကို auto ပွင့်အောင်လုပ်နည်း



 မိမိကွန်ပျူတာ ကို မိမိ ကြိုက်တဲ့ အချိန်  ကြိုက်တဲ့ ရက်စွဲ အတိအကျ ပွင့်အောင် လုပ်လို့ ရပါတယ်။ လုပ်နည်း ကတော့ အရင်ဆုံး ကွန်ပျူတာ ကိုဖွင့်ပါ။ Del key ကိုနှိပ် ထားပါ။ BIOS ထဲကိုဝင်တာဖြစ် ပါတယ်။  Tab key လေးနဲ့ Power ဆိုတာ ကို ရွေးပါ ။ အဲဒီအောက် မှာ  APM Configuration ကိုရွေးပါ။ Enter ခေါက်ပါ။  Restore on AC  Power Loss ကို [ Enabled ] ပေးပါ။ ဒီနေရာ မှာသတိထား ရမှာက [ Enabled ] ပြောင်းတဲ့ အခါမှာ Keyboard ကနေ (+)key နဲ့  (-)key  နှိပ်ပြီးတော့ ပြောင်း ရပါတယ်။ ပြီးအောက် ကိုထပ်ဆင်းပါ။ Power on By RTC Alarm ကို [Enabled] ပေးပါ။  ပြီးရင် RTC Alarm Date  မှာ မိမိ ကြိုက် သလိုပြောင်းနိုင် ပါတယ်။ နေ့တိုင်း ဆိုရင် Everyday ပေးပါ။ ရက်စွဲ အတိအကျ ထားချင်ရင်တော့  ရက်ကို အတိအကျ သတ်မှတ်ပေးပါ။





ကျွန်တော် ကတော့  Everyday ပေးထား ပါတယ်။ ပြီးရင် AIC  Alarm Hour မှာ မိမိပွင့် လိုသော နာရီကို ပြောင်းပါ။  AIC Alarm Minute  မှာ မိမိပွင့် လိုသော မိနစ် ကိုပြောင်းပါ။ ACI Alarm Second မှာ မိမိပွင့် လိုသော စက္ကန့် ကို ရွေးပါ။ အားလုံးပြီးပြီ ဆိုရင်  F 10  ကိုနှိပ်ပါ။ OK ပေးပါ။


Motherboard အလိုက် အနည်း ငယ်ကွဲလွဲ မှုရှိပါတယ်။ တချို့ ကွန်ပျူတာတွေ မှာဆို ရင် နာရီ၊ မိနစ်၊ စက္ကန့်က တစ်ခုတည်းမှာ ပဲပေါင်းပြီးဖော်ပြ ထားပါတယ်။  တစ်ခုသတိ ထားရမှာ က ကျွန်တော် တို့က ကွန်ပျူတာ ကိုအော်တိုပွင့်စေ ချင်တာ ဖြစ်တဲ့ အတွက် သက်ဆိုင်ရာ Cable ကြိုးတွေ Power Slpply တွေကို  ဖွင့်ပေး ထားရပါ့မယ်။ လျှပ်စစ် စီးဆင်း ဖို့အတွက် ပါ။

အတိုမှတ် မယ်ဆို၇င်တော့--
Computer open >>
Del key >>
Power >>    ကျွန်တော့်ကွန်ပျူတာမှာတော့ advanced
APM Configuration>>   ဒီမှာတော့ ACPI configuration 
Restore on AC  Power Loss [Enabled] >>
Power on By RTC Alarm [Enabled]>>
RTC Alarm Date  [ Everyday ] >>
AIC  Alarm Hour [hours]>>
AIC Alarm Minute [minutes]>>
ACI Alarm Second [seconds] >> 
F 10 >> Ok
   တောသားလေး ကယူလာတာပါ....
            လုပ်ကြည့်လိုက် computer ကြီး တစ်ခုခုဖြစ်မှာစိုးရိမ် မနေ နဲ့ တပ်ချင်ရင်တော့ ကလိရမှာဘဲလေ မဟုတ်ဖူးလား  ကျွန်တော်လဲ စမ်းကြည့်ပြီးပြီ  မိုက်တယ်....

ကွန်ပျူတာကို Auto Shutdown ရအောင်


ကွန်ပျူတာ ကို autoshut dow လုပ်တာ ဟာ ကျွန်တော်လို့ ည မှာ သီချင်းလေးနာထောင်ပြီ အိပ်တပ်တဲ့ သူတွေ အတွက်တော့ တော်တော်လေး အဆင်ပြေတယ်လို့ပြောရမယ်......ကျွန်တော် က ကွန်ပျူတာ ဆိုတာ ခုမှ ကိုင်ဖူး တဲ့ ကောင်ပါ။ ခုမှ ကိုင်ဖူးတယ်ဆိုတော့ ဘာတပ်လဲ မေး မနေ နဲ့ တော့ သိချင်တပ်ချင်လို့  ပညာရှင်တွေ ရေးထားတဲ့ ဘလော့ တွေ လိုက် ဖတ်နေတာပါ ..... ခု လဲ ကျွန်တော့် မှတ်စုမှာ သိထားတာလေး မမေ့အောင် တင်လိုက်ပါဦးမယ်... !!  မျက်စိလည်ပြီးရောက်လာတဲ့ မသိသေးတဲ့ သယ်ရင်းတွေ လဲ လုပ်ကြည့်လိုက်ပေါ့....ဘာမှ ကိုမလုပ်ရဘာဘူး..


 Run Box ကိုခေါ်လိုက်..... Rum Box ထဲ မှာ   shutdown.exe -s -t 0000 ဆိုပြီး၇ိုက်ထည့်
   လိုက်ပါ။  0000 နေ၇ာမှာ သယ်ရင်း စိတ်ကြိုက်အချိန်ကိုသတ်မှတ်ပေး လိုက် ။    ဒီကောင်က အချိန် ကို sec နဲ့ ရေတွက်တာလေ   အဲ့တော့ သယ်ရင်းထားချင် တဲ့ အချိန် ကို sec ဖွဲ့ ပြီး  ထည့် လိုက် ။  စက္ကန့်( 3600 ) ထည့်  လိုက်ရင် တစ်နာ၇ီကြာ၇င်စက်ကအလိုလိုShut down ကျသွားပါလိမ့် မယ်။


တကယ်လို့ သယ်ရင်းတို့ပေးထားတဲ့ စက္ကန့်3600အချိန်အတွင်းမှာ Shut down မချချင်တော့လို့ပေးထားတဲ့ကွန်မန်းလေးကို     ပြန်ပြီးဖျက်ချင်တယ်ဆို၇င်
 Run Box ပြန်ခေါ်လိုက် ... အထဲ မှာ shutdown.exe -a ဆိုပြီး   ၇ိုက်ထည့်လိုက် ဒါဆို၇င် သယ်ရင်းတို့ စောစောကပေးထားတဲ့ကွန်မန်းလေး ပြန်ပျက်သွားပါလိမ့်မယ်။
    
စာတာ ရှည်တာ လုပ်လိုက်တော့ လဲ ဘာမှလဲ ဟုတ်ဖူးနော်....%%%

Monday, March 5, 2012

ဖတ်ကြည့်လိုက် ခိုက်သွားမယ်...!!

အချစ်တခုကိုဖန်ဆင်းဖို့  နာရီတွေ ၊မိနစ်တွေနဲ့  ကံကြမ္မာတွေ လိုအပ်ပါသလား။ကွဲကွဲပြားပြား မသိ
ခင်မှာပဲ နှလုံးသားနေရာတခုမှာ မ ဆိုတဲ့ စကားလုံးကအလိုလိုတွယ်ချိန်မိသွားပြီလေ။ချစ်ပါတယ်ဆိုတဲ့ 
စကားတခွန်း ကို ပြောဖို့  တကယ်ဆိုမောင် လက်တွ န့် နေခဲ့ ရပါတယ်မရယ်။ဘာလို့ လဲဆိုတဲ့ စကားတခွန်း
နောက်ကွယ်က ဖြေရှင်းချက်တွေမှာ မ ငြိုညင်သွားမှာလောက် သေလောက်အောင်ကြောက်တာမရှိတော့
ဘူး ။

အချစ်ဆိုတာ တကယ်တော့  မောင့် ဘ၀မှာ ထာဝရကိုယ်ကွယ်ခွင့် ရမယ်လို့ မထင်ထားမိတာကြာ
ခဲ့ ပါပြီ မရယ်။ ပြည့် စုံခြင်းကင်းတဲ့  ဘ၀ငယ်လေးထဲမှာ ဟန်ဆောင်မှု့ ကင်းကင်းနဲ့  ဖြူဖြူစင်စင် ချစ် ခွင့် ရ
ဖို့  မောင် အလို ရှိတယ်ဆို၇င် မ ဘယ်လို တွေးထင်နေမလဲ ။မောင် အရမ်းသိချင်နေမိတယ်။မသာမောင့် 
ဘ၀ ရဲ့ လမ်းပြကြယ်ပေါ့။ မ အပြုံးလေးတွေနဲ့  မ စကားသံကြားမှာ မောင် ဘယ်လို မှ ရုန်းထွက်ဖို့ မှမ
ဖြစ်နိုင်ခဲ့ တာ။အဲဒီအချိန်မှာပဲ အချစ်ဆိုတာ ကို ကိုးကွယ်ဖို့  မြားနတ်မောင် ရဲ့ ပစ်ခွင်းသံအောက်မှာ
မောင် နှလုံးသားတွေ ကျရှုံးခဲ့ ရတယ်လေ။

တခါတလေ ချစ်သူရဲ့ ကဗျာ ဆန်ဆန်ခေါ်သံလေးက ရင်ထဲကိုအေးလို့ ပေါ့။အိပ်ပုတ်လေးတဲ့ လေ။
ချစ်သူမရှိတဲ့  အချိန်မှာ သတင်းစာဖတ်ရင်းနဲ့  စာသင်နှစ်ကို ကုန်လွန်လာခဲ့တာ (၁)နှစ်ဆိုတဲ့  အချိန်ကာ
လလေးကိုတောင် ကျော်လွန်လာတော့မယ်။တဖြည်းဖြည်းနဲ့  ချစ်လာခဲ့ ကျတာ နားလည်မှု့ ဆိုတာလည်း
အတော်အသင့် တော့  ရှိလာခဲ့ ပြီးပြီးမို့  ရွေးချယ်ခွင့် ဆိုတာ မ လက်ထက်မှာပါလို့ တခါတလေမှာ ချစ်သူ
ကြားအောင် ပြောပြချင်နေမိတယ်။

Sunday, March 4, 2012

စိတ်ငြိမ်းချမ်းမှုရဖို့ အခြေခံအချက်များ



(၁) သင့်ကိုမမေးရင် သူတပါးရဲ့ကိစ္စကို ဝင်မစွက်ပါနဲ့။

ကျမတို့အများစုဟာ သူတပါးတွေရဲ့ကိစ္စတွေမှာ ခနခန ဝင်စွက်တတ်ကြပါတယ်။ ကျမတို့လုပ်တာ အကောင်းဆုံးဖြစ်တယ်ဆိုတာ ယုံကြည်တတ်ကြပါတယ်။
ပြီးတော့ ကျမတို့တွေးခေါ်မှုဟာ စံထားလောက်တဲ့ တွေးခေါ်မှုဖြစ်တယ်လို့လည်း ယုံကြည်ထားကြတယ်။ ကျမတို့ စဉ်းစားဥာဏ်နဲ့ မတူညီတဲ့သူတွေကို မှန်ကန်တဲ့လမ်းကြောင်းဆီရောက်အောင် ကိုင်တွယ်ရမယ်။ ဆန်းစစ်ဝေဖန်ရမယ်။ ဒီစဉ်းစားမှုဟာ တဦးချင်း သီးခြားဖြစ်တည်တာကို ပိတ်ပင်တာဖြစ်တယ်။ ပြီးတော့ ဘုရားသခင်ရှိတယ် ဆိုတာကိုလည်း ငြင်းဆိုတယ်။ ဘုရားသခင်ဟာ ကျမတို့တယောက်ချင်းကို ထူးထူးခြားခြားလုပ်ပေးခဲ့တယ်။ လူသားနှစ်ယောက်ဟာ တူညီတဲ့နည်းတွေနဲ့ မစဉ်းစားနိုင်ပါဘူး။ အမျိုးသား၊ အမျိုးသမီးအားလုံးဟာ သူတို့နည်းနဲ့ သူတို့လုပ်နေကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဟာ အဲဒီနည်းတွေနဲ့ လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိစ္စကိုယ်လုပ်ပါ။ စိတ်ငြိမ်းချမ်းမှု ရလာမှာပါ။

(၂)ခွင့်လွှတ်ပါ၊ မေ့ပစ်လိုက်ပါ။


ဒါဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကို အားအကောင်းဆုံး အထောက်အကူပြုတဲ့ နည်းလေး ဖြစ်ပါတယ်။ ကျမတို့ကို စော်ကားပြီး အန္တရာယ်ပြုတဲ့လူတွေအတွက် နှလုံးသားထဲမှာ နာကျည်းစိတ် ဝင်လာတတ်ပါတယ်။ နာကျည်းချက်တွေကို စိတ်ထဲမှာ တေးထားတတ်ပါတယ်။ အဲဒီအကျိုးရလဒ်က အိပ်ရေးပျက်ခြင်း၊ အစာအိမ်ဖြစ်ခြင်းနဲ့ သွေးတိုးစေခြင်းတို့ပါပဲ။ ဒီနာကျည်းမှုကို တကြိမ်ပြုလုပ်ခဲ့တယ်ဆိုပါတော့။ ဒါကို ခနခန သတိရပြီး စိတ်ထဲမှာ အမှတ်ထားတတ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ အကျင့်ဆိုးကို ဖြေဖျောက်လိုက်ပါ။ ဘဝဆိုတာ သိပ်တိုတောင်းလွန်းလို့ ဒီလိုအသေးအမွှားတွေနဲ့ အချိန်ကုန်မခံပါနဲ့။ ခွင့်လွှတ်ပါ။ မေ့ပစ်လိုက်ပါ။ ချစ်ခြင်းမေတ္တာဆိုတာ ခွင့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းတွေနဲ့ ရှင်သန်နေလို့ပါ။


(၃) အသိအမှတ်ပြုမှုကို မမက်မောပါနဲ့။


ဒီကမ္ဘာကြီးပေါ်မှာ တကိုယ်ကောင်းဆန်တဲ့ လူတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီလူတွေဟာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ချီးကျူးခဲပါတယ်။ ဒီနေ့ သင့်မှာ သြဇာအာဏာရှိတဲ့အတွက် သင့်ကို ချီးမွမ်းချင် ချီးမွမ်းမှာ ဖြစ်ပေမယ့် မရှေးမနှောင်းမှာ သြဇာအာဏာ မရှိခဲ့တော့ဘူးဆိုရင် သင့်ရဲ့အောင်မြင်မှုတွေကို မေ့လျော့သွားလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ အမှားတွေကို မျက်စေ့ဒေါက်ထောက်ကြည့်တော့မှာပဲ။ သူတို့ရဲ့ အသိအမှတ်ပြုခံရမှုကို ကြိုးပမ်းနေပြီး ကိုယ့်ကိုယ်ကို ဘာကြောင့်စိတ်ထိခိုက်ရမှာလဲ။ သူတို့ရဲ့ အသိအမှတ်ပြုမှုက ကိုယ့်အတွက် ဘာမှ တန်ဖိုးမရှိပါဘူး။ ရိုးသားဖြောင့်မတ်ဖို့နဲ့ လူ့ကျင့်ဝတ်အတိုင်းနေတတ်ဖို့က သင့်ရဲ့တာဝန်ဖြစ်ပါတယ်။


(၄) သူတပါးကို မနာလိုမဖြစ်ပါနဲ့။


မနာလိုခြင်းက စိတ်ရဲ့ငြိမ်းချမ်းမှုကို ဘယ်လိုပျက်စီး စေတယ်ဆိုတာ ကျမတို့တတွေ တွေ့ကြုံဖူးခဲ့ကြပြီ။ အလုပ်ထဲမှာသင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေထက် အလုပ်ပိုကြိုးစားတယ်ဆိုတာ သင့်ကိုယ်သင်သိတယ်။ ဒါပေမယ့် တခါတရံမှာ သူတို့က ရာထူးတိုးမယ်. သင်ကမတိုးဘူး.။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သင်က အလုပ်ကိုစတင်လုပ်ကိုင်ခဲ့တယ်. ဒါပေမယ့် တနှစ်သာအလုပ်လုပ်တဲ့ သင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်လောက် သင်မအောင်မြင်ဘူး။ နေ့စဉ်ဘဝမှာ အခုလိုမျိုးဖြစ်ရပ်တွေ အများကြီးရှိပါတယ်။ မနာလိုဖြစ်သင့်ပါသလား။ မဖြစ်သင့်ပါဘူး။ လူတိုင်းလူတိုင်းရဲ့ဘဝတွေကို သူတို့ကံတရားက ပုံသွင်းပြီးသားပါ။ ချမ်းသာဖို့ ကံရှိရင် ဘယ်သူမှရပ်တန့်ပစ်လို့ မရပါဘူး။ ကံတရားမရှိဘူးဆိုရင် ဘယ်သူမှ ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ သင့်ရဲ့ ကံမကောင်းမှုအတွက် သူတပါးကို အပစ်ဖို့တာဟာ ဘာမှရလာမှာ မဟုတ်ပါဘူး။ မနာလိုခြင်းဟာ သင့်ကိုဘာမှလုပ်ပေးမှာမဟုတ်ဘူး။ ဘယ်မှာမှ ကောင်းလာမှာ မဟုတ်ပါဘူး၊ သင့်ရဲ့ စိတ်ငြိမ်းချမ်းမှုကိုပဲ ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။


(၅) ပတ်ဝန်းကျင်ကိုလိုက်ပြီး သင့်ကိုယ်သင်ပြောင်းလဲပါ။


ပတ်ဝန်းကျင်ကို သင်တဦးတည်း ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင် ရနိုင်တဲ့ အခွင့်အရေးတွေ မရပဲ ဖြစ်သွားပါလိမ့်မယ်။ သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ အံဝင်အောင် သင့်ကိုယ်သင် ပြောင်းလဲလိုက်ပါ။ အဲလိုလုပ်လိုက်တဲ့အခါ သင့်ကို ခင်မင်မှုမရှိတဲ့ ပတ်ဝန်းကျင်က သင့်အပေါ်မှာ ထူးထူးခြားခြား ပြောင်းလဲလာပါလိမ့်မယ်။ စရိုက်ချင်းတူပြီး သဟဇာတဖြစ်သွားပါလိမ့်မယ်။


(၆) သည်းခံပါ။


အကျိုးမရှိတာကနေ အကျိုးရှိသွားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။ ကျမတို့က စိတ်မသက်သာမှုတွေ၊ ဖျားနာမှုတွေ၊ ဒေါသတွေ၊ ကျမတို့ရဲ့ ထိန်းချုပ်မှုကို ကျော်လွန်နိုင်တဲ့ အန္တရယ်တွေကို နေ့တိုင်း ရင်ဆိုင်နေရပါတယ်။ ကျမတို့က အဲဒါတွေကို မထိန်းချုပ်နိုင်ဘူး၊ မပြောင်းလဲနိုင်ဘူးဆိုရင် ထိန်းချုပ်တတ်ဖို့ သင်ယူရလိမ့်မယ်။ သည်းခံခြင်းကို စိတ်ချမ်းမြေ့စွာနဲ့ လုပ်ကိုင်တတ်ရမယ်။ သည်းခံခြင်းဖြင့် ခွန်အားနဲ့ စိတ်စွမ်းအားတွေ ရရှိလာမှာပါ။


(၇) လုပ်နိုင်တာထက်ပိုမလုပ်ပါနဲ့။


ဒီဆိုရိုးစကားကို အမြဲသတိရနေဖို့လိုပါတယ်။ ကျမတို့ဟာ ကျမတို့ ဆောင်ရွက်ပေးနိုင်တာထက် တာဝန်တွေ ယူလေ့ရှိတယ်။ စိတ်သောကပိုပြီး ဖြစ်လာနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘာဖြစ်လို့ ထမ်းထားနေမှာလဲ။ ကျမတို့ရဲ့ ကန့်သတ်ချက်ကို သိအောင်လုပ်ပါ။ သင်က သင့်ရဲ့ပြင်ပ လှုပ်ရှားမှုတွေကို ကျယ်ပြန့်လာအောင် လုပ်ခြင်းအားဖြင့် စိတ်ကိုငြိမ်းချမ်းမှု ရှိလာမှာမဟုတ်ပါဘူး။ သင့်ရဲ့ ရုပ်ဝတ္ထုဆက်စပ်မှုတွေကို လျှော့ချပစ်ပါ။ ဘုရားရှီခိုးခြင်းဖြင့် အချိန်ဖြုန်းပါ။ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ပြီး တရားအားထုတ်ပါ။ အနားယူဖို့လုပ်နေတဲ့ သင့်ရဲ့စဉ်းစားချက်တွေဟာ ပြေလျော့သွားမှာပါ။ ကြည်လင်နေတဲ့စိတ်က စိတ်ရဲ့ငြိမ်းချမ်းမှုကို ပိုပြီး ဖြစ်လာစေမှာပါ။


(၈) ပုံမှန်တရားထိုင်ပါ။


တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ်စေပါတယ်.။ အနှောင့်အယှက်ဖြစ်စေမယ့် အတွေးတွေကို ဖယ်ရှားလိုက်ပါ။ ဒီလိုလုပ်တာက စိတ်ငြိမ်းချမ်းဖို့ အမြင့်ဆုံး အခြေအနေတခုဖြစ်ပါတယ်။ သင့်ကိုယ်သင် ကြိုးစားကြည့်ပါ။ တရက်မှာ နာရီဝက်လောက် စိတ်အားထက်ထက်သန်သန် တရားထိုင်ခဲ့မယ်ဆိုရင် သင့်ရဲ့စိတ်က ကျန်တဲ့ နှစ်ဆယ့်သုံးနာရီခွဲမှာလည်း ငြိမ်းချမ်းနေမှာပါ။ သင့်ရဲ့စိတ်ကို အရင်ကလို အနှောင့်အယှက်ပေးတော့မှာ မဟုတ်ပါဘူး။ နေ့စဉ်ပုံမှန် တရားထိုင်ခြင်းအားဖြင့် တဖြည်းဖြည်း အကျိုးကျေးဇူးရှိလာမှာပါ။ သင့်ရဲ့ တနေ့တာအလုပ်ကို အနှောင့်အယှက် ဖြစ်ချင်ဖြစ်မယ်လို့ တွေးချင်တွေးမိလိမ့်မယ်။ အမှန်ကတော့ အချိန်တိုတိုနဲ့ အကျိုးရှိလာမှာဖြစ်ပါတယ်။ အချိန်နည်းနည်းမှာပဲ ပိုကောင်းတဲ့ အကျိုးရလဒ်တွေ ရလာနိုင်ပါတယ်။


(၉) စိတ်မတွေဝေပါနဲ့။


တွေဝေတဲ့ စိတ်ဟာ စိတ်ရဲ့အဆိပ်ဖြစ်ပါတယ်။ မကောင်းတဲ့ လုပ်ဆောင်ချက်တွေအားလုံးက စိတ်တွေဝေတာကနေ စလာတာပါ။ သင့်ရဲ့စိတ်ကို တက်ကြွအောင် ဇောင်းပေးထားပါ။ ပြီးတော့ တန်ဖိုးရှိတဲ့စိတ်ကို ရင်ထဲမှာထားပါ။ ဝါသနာကို တက်တက်ကြွကြွလုပ်ဆောင်ပါ။ သင့်ရဲ့စိတ်ဝင်စားစရာတွေကို လက်ကိုင်ထားပါ။ ငွေကြေးက တန်ဖိုးရှိသလား စိတ်ရဲ့ငြိမ်းချမ်းမှုက တန်ဖိုးရှိသလားဆိုတာ သင့်ကိုယ်သင် ဆုံးဖြတ်ရမယ်။ ပိုက်ဆံမရနိုင်မယ့် လူမှုရေးအလုပ်လို၊ ဘာသာရေး အလုပ်လိုအလုပ်မျိုးက သင့်ရဲ့ဝါသနာဆိုရင်ပေါ့။ ဒါပေမယ့် သင့်မှာ စိတ်ချမ်းသာကျေနပ်နေပြီး အောင်မြင်နေတဲ့ စိတ်ရှိနေတယ်။ ရုပ်ပိုင်းဆိုင်ရာအရ အနားယူတဲ့အချိန်မှာတောင် တရားဓမ္မသီချင်းတွေ ရွတ်ဆိုပြီး စာဖတ်နေခြင်းအားဖြင့် သင့်ကိုယ်သင် ကျန်းမာအောင် နေထိုင်တတ်ရမယ်။


(၁၀) အချိန်မဆွဲပါနဲ့။ ဘယ်တော့မှ နောင်တမရပါနဲ့။


စိတ်ကူးယဉ်ပြီး အချိန်မဖြုန်းပါနဲ့။ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား။ ရက်တွေ၊ သီတင်းပတ်တွေ၊ လတွေ၊ နှစ်တွေမှာ အဓိပ္ပါယ်မရှိတဲ့ ဝေဖန်ဆွေးနွေးမှုတွေနဲ့ ဖြုန်းတီးပစ်ချင်ပစ်နိုင်ပါတယ်။ အနာဂတ်ကို သင်မပိုင်တဲ့အတွက် လုံလောက်တဲ့ အစီအစဉ်တွေ မရှိနိုင်ပါဘူး။ အချိန်ကို တန်ဖိုးထားပါ။ လုပ်ဖို့လိုအပ်တာတွေကိုလုပ်ပါ။ ပထမအကြိမ် ကျရှုံးခြင်းက ကိစ္စမရှိပါဘူး။ သင့်ရဲ့အမှားကနေ သင်ခန်းစာတွေကို ရနိုင်ပါတယ်။ နောက်တကြိမ်မှာ အောင်မြင်နိုင်ပါတယ်။ စိတ်ပူခြင်းနဲ့ ကျောပေးထားခြင်းက ဘာမှမဟုတ်တာတွေကိုသာ ဦးဆောင်နေလိမ့်မယ်။ အမှားကနေ သင်ခန်းစာယူပါ။ ဒါပေမယ့် အချိန်လွန်မှ တနုံ့နုံ့နဲ့ စဉ်းစားမနေပါနဲ့။ နောင်တမရပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကံတရားအတိုင်း ဖြစ်ပျက်နေမှာပါ။ ဖိတ်ကျသွားတဲ့ နွားနို့အတွက် ဘာ့ကြောင့်ငိုကြွေးနေမှာလဲ။
http://thadarhline.blogspot.com/  (သဒ္ဒါလိုင်း ဘလော့)မှကူးယူ စုဆောင်းခြင်း!!

တခုခုကို အောင်မြင်အောင်ဘယ်လိုလုပ်မလဲ...


သင်ဟာ သင့်ရဲ့ အခြေခံကျတဲ့ ဓနဥစ္စာ၊ ချမ်းသာကြွယ်ဝမှု၊ ဆက်ဆံရေးနဲ့ အလုပ်အကိုင်မှာ အောင်မြင်ဖို့ ကြိုးစားတာ ရလား မရလားဆိုတာ အရေးမကြီးပါဘူး။ တရားဝင်အသိအမှတ် ပြုထားတဲ့ အာဟာရဗေဒပညာရှင်နဲ့ ဇီဝကမ္မဗေဒပညာရှင် Caitlin Reid က ဘယ်လိုအခြေအနေဖြစ်ဖြစ် လက်တွေ့အသုံးဝင်တဲ့ အကြံပေးစကား ၆ချက်နဲ့ အောင်မြင်အောင် ကူညီနိုင်လိမ့်မယ်လို့ ပြဌာန်းထားပါတယ်။


(၁) သင်ဘာလိုချင်တယ်ဆိုတာ သိပါ။


သင့်မှာ အောင်မြင်ဖို့ ဆန္ဒရှိရမယ်။ ဘဝမှာ ဘာလိုချင်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ သင့်ရဲ့ပန်းတိုင်ကို အောင်မြင်အောင်ရောက်ဖို့ လိုအပ်မယ့် အလုပ်တွေကို ခွဲခြားနိုင်ဖို့ လိုပါတယ်။ ရည်မှန်းချက်ပန်းတိုင်ဆိုတာ ဘဝမှာ သင်သွားမယ့်နေရာကို ဦးဆောင်လမ်းပြပေးမှာပါ။ ရည်မှန်းချက်မရှိရင် ဘယ်နေရာမှာ အဆုံးသတ်ရမယ်ဆိုတာ ဆုံးဖြတ်လို့ရမှာမဟုတ်ဘူး။


(၂) ဘယ်တော့မှ အရှုံးမပေးပါနဲ့။


ကြံ့ကြံ့ခံနိုင်မှုဟာ အောင်မြင်မှုအတွက် နံပါတ်တစ်ဖြစ်ပါတယ်။ လူတွေဟာ သူတို့ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ ကြိုးစားနေရင်း အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဒါမှမဟုတ် အပြစ်ရှာ ဝေဖန်မှုတွေ ရှိလာတဲ့အခါ စိတ်ပျက်အားလျော့မှု ဖြစ်ဖို့ လွယ်ကူကြတယ်။ ဒါပေမယ့် မှန်ကန်တဲ့ အောင်မြင်မှုတခုဖြစ်လာဖို့ဆိုရင် ဝေဖန်မှု၊ ပယ်ချမှု၊ ဖိအားပေးမှုနဲ့ ကျရှုံးမှုတွေကို ကျော်ဖြတ်ပြီး မလျှော့တမ်း လုပ်ရမယ်။ ရဲရင့်တက်ကြွတဲ့တိုက်ပွဲက အောင်မြင်မှုကို တည်ဆောက်ပေးလိမ့်မယ်။


(၃) သင့်ကိုယ်သင် ယုံကြည်ပါ။


အောင်မြင်ဖို့ဆိုရင် သင့်မှာ ကောင်းတဲ့အမြင် ရှိဖို့လိုပါတယ်။ ပြီးတော့ သင့်ရဲ့ရည်မှန်းချက် အောင်မြင်နိုင်တယ် ဆိုတာ ယုံကြည်ဖို့ လိုပါတယ်။ သင့်ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ဆိုရင် စွမ်းဆောင်နိုင်တဲ့ ယုံကြည်မှုနဲ့ တိုးတက်မှုရှိတဲ့ အလားအလာ၊ သဘောထား ရှိဖို့ လိုပါတယ်။ သင့်အကြောင်း သင့်ကိုယ်သင် သတိပြုမိတဲ့အခါ၊ ဘဝရဲ့ စိမ်ခေါ်မှုတွေကို ပိုပြီး ယုံကြည်စိတ်ချမှုရှိစွာနဲ့ တုံ့ပြန်လာနိုင်မှာပါ။ ရှက်ရွံ့မှုနဲ့ မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့ဖို့ သင့်ကိုယ်သင် တွန်းအားပေးတာက အမှန်လို့ လက်ခံမယ်ဆိုရင် သင်ဟာ အောင်မြင်မှုနဲ့ ပိုဝေးပြီး ကျရှုံးသွားလိမ့်မယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ သင်အောင်မြင်ပါလိမ့်မယ်။


(၄) လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်ပါနဲ့။


အောင်မြင်မှု ရှိတဲ့ လူတွေဟာ လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်ပါဘူး။ သူတို့ဟာ တခြားသူတွေရဲ့ အတွေ့အကြုံသစ်တွေကို လေ့လာသင်ယူတယ်၊ ပြီးတော့ သူတို့ရဲ့ အမှားတွေကနေ သင်ခန်းစာ ယူကြတယ်။ အခွင့်အလမ်းတိုင်း အခွင့်အလမ်းတိုင်းကို လေ့လာသင်ယူတာဟာ သင့်ရဲ့ အသိပညာတွေ တိုးပွားစေဖို့ဖြစ်ပါတယ်။ သင်ရောက်နေတဲ့ နေရာ၊ နယ်ပယ်ကိုလည်း ဦးဆောင်နိုင်ပါလိမ့်မယ်။ စာအုပ်စာပေ များများဖတ်ပါ၊ အရည်အသွေး အသစ်တွေကို ဆည်းပူးပါ၊ လေ့ကျင့်သင်ကြားမှု အသစ်တွေကို ရှာယူပါ။ ကျန်တဲ့အပိုင်းတွေမှာ သေချာပေါက် သာလွန် အောင်မြင်လာပါလိမ့်မယ်။


(၅) သင်နှစ်သက်တာကို သင်လုပ်ပါ။


တခုခုကို ကောင်းကောင်း လုပ်တော့မယ်ဆိုရင် အနည်းဆုံး နှစ်သက်မှု ရှိရပါမယ်။ သင်ပိုင်ဆိုင်တဲ့ အချိန်တွေကို နှစ်သက်သလို အားထုတ်တာဟာ အောင်မြင်ဖို့ တွန်းအားတခုပဲဖြစ်ပါတယ်။ သင်နှစ်သက်တာကို သင်လုပ်ပါ၊ အောင်မြင်မှု ရလာပါလိမ့်မယ်။


(၆) အပျော်အပါးကို ရှောင်ကျဉ်ပါ။


ကျွန်ုပ်တို့ အများစုဟာ ပြဿနာတချို့ကို ကိုယ်တိုင် ဖြေရှင်းမယ်ဆိုရင် နောက်ဆုံးမှာ ပျော်ရွှင်နိုင်မယ်လို့ ယုံကြည် ပါတယ်။ ဒါပေမယ့် သက်တောင့်သက်သာ မရှိပဲ ပျော်ရွှင်မှုအတွက် ကြိုးပမ်းတာ၊ တဦးချင်းသီးသန့် အချက်တွေမှာ ပျော်ရွှင်မှုကို ရှာဖွေခြင်း မပြုတာဟာ ဘဝရှင်သန်ဖို့ နည်းလမ်း မဟုတ်ပါဘူး။ အောင်မြင်မှု ရှိတဲ့ လူတွေက အချိန်ဆွဲတာကို ရှောင်ကျဉ်ကြတယ်။ ပြဿနာတွေ အတွက် ဆုံးဖြတ်ချက် ချဖို့ စောင့်စားမနေပါဘူး။ အောင်မြင်မှုရှိတဲ့ လူတွေဟာ ဖြစ်ရပ်တိုင်း ဖြစ်ရပ်တိုင်းမှာ ပျော်ရွှင်မှုကို ရှာဖွေကြပါတယ်၊ သူတို့ဟာ သူတို့အတွက် မှန်ကန်တဲ့ လမ်းကြောင်းကို တရားနည်းလမ်း ကျကျ စဉ်းစားကြတယ်။

http://thadarhline.blogspot.com/ မှ ကူးယူစုဆောင်းပါသည်..!!