Wednesday, February 22, 2012

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

                                 အလံတော်
                             အထိမ်းအမှတ်တံဆိပ်
 ပထ၀ီ


မြို့တော်                     နေပြည်တော်

အကြီးဆုံးမြို့                 ရန်ကုန်မြို့

ဧရိယာ 
             
          မြေဧရိယာ-(၂၆၁၂၂၈ စတုရန်းမိုင်) (အဆင့်:၃၉) 

          ဧရိယာရေရာခိုင်နုန်း-၁၀.၀%

အမြင့်ဆုံးနေရာ             ခါကာဘိုရာဇီတောင်(၁၉၂၉၆ပေ)

အရှည်ဆုံးမြစ်                သံလွင်မြစ

ကမ်းရိုးတန်း                  ၁၃၈၅ မိုင်

စံတော်ချိန်ဇုန်                 UTC +၆:၃၀

                               လူထုအကြောင်း

ရုံးသုံဘာသာများ               မြန်မာ

လူဦးရေ               

            လူဦးရေ-၆၀သန်းခန့် 

            လူဦးရေအထူအထပ်-၇၅/km²(၁၉၃/sq mi)(အဆင့်-၁၁၉)

လူမျိုးများ                         ဗမာ၊ရှမ်း၊ကရင်၊ ရခိုင် ၊မွန်၊ကချင်၊ချင်း၊ကယား


ဘာသာတရားများ               ဗုဒ္ဓ ၊ အစ်စလာမ်၊ ခရစ်ယာန်၊ အခြား

                                 အစိုးရ


အမျိုးအစား                        ပြည်ထောင်စုအစိုးရ

အစိုးရခေါင်းဆောင်များ   

    နိုင်ငံတော် သမ္မတ        -ဦးသိန်းစိန်

    ဒုတိယ သမ္မတ            သီဟသူရဦးတင်အောင်မြင့်ဦး

    ဒုတိယ သမ္မတ            ဒေါက်တာ စိုင်းမောက်ခမ်း(ခ)မောင်အုန်း

                           ထူထောင်ရေး

ပုဂံတိုင်းပြည်                       -၁၀၄၄-၁၂၈၇

တိုင်းပြည်အသေးများ            -၁၂၈၇-၁၅၃၁

တောင်ငူတိုင်းပြည်               -၁၅၃၁-၁၇၅၂

ကုန်းဘောင်တိုင်းပြည်           -၁၇၅၂-၁၈၈၅

ကိုလိုနီအုပ်ချုပ်ရေးခေတ်       -၁၈၈၆-၁၉၄၈

လွပ်လပ်ရေး                       -၄ဇန်န၀ါရီ ၁၉၄၈

                                  စီးပွားရေး


 GDP(PPP) total                 US$ ၅၉.၉၀၄ သိန်းကုဋေ 

GDP(PPP)                         US$၁.၀၃၉

HDI                                 ၀.၉၅၂(အမြင့်)

ဗဟိုဘဏ်                          မြန်မာ နိုင်ငံတော်ဗဟိုဘဏ်

ငွေ                                   ကျပ်(MMK "K")

                        နိုင်ငံတော်အထိမ်းအမှတ်များ 


အထိမ်းအမှတ်များ             ပန်း- ပိတောက်၊ သစ်ပင်-ကျွန်း
ISO 3166-1                   MM

CCLTD                         .mm

Calling code                  +၉၅


ဝီကီမြန်မာ  ကကူးလာတာပါ..အဲ့မှာလဲ ကိုယ်သိတာလေးတွေဝင်ရောက်ရေးလို့ရပါတယ်....!!

         











Monday, February 20, 2012

ဓာတ်ပုံဒီဇိုင်းလုပ်လိုသူတွေအတွက် Frame Photo Editer Key ဖြည့်နည်း




ဒီဆော့ဝဲက ပုံလှလှလေးတွေ ဒီဇိုင်းပြန်ထွင်တဲ့အခါ အရမ်းကောင်းပါတယ် အရင်က

တင်ပေးပြီးသားပါ စာတမ်းကြီးပေါ်နေတာ မဖျောက်တတ်လို့ ဆိုသူများအတွက် ပုံနှင့်

အတူ အသေအချာ ရှင်းလိုက်ပါတယ် ပုံမှာကြည့်ပြီး ဖြည့်လိုက်ပါ ဒေါင်းလုပ်ယူတဲ့ဖိုင်

ထဲမှာလည်း Serie Key ကပါပြီးသားပါ မရရင် အောက်မှာကော်ပီယူလိုက်ရင် OKပီ။
Name  : sales@acampo.net
Serial: 000015-U9G7U9-RB9ZA2-QKGA95-1TZF77-UC7XE5-7XNRCC-

GFWKA0-8WTVB7-8WDHGK


ဒီမှာ Download ယူပါ 
The best Photo Frame Softwere Full Version


မောင်(စွယ်စုံကျမ်း) မှ ကူးယူ စုဆောင်းခြင်းဖြစ်...!!

Sunday, February 19, 2012

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာ





ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။
ကမ္ဘာ့ထိပ်ဆုံးေ...ကျာင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။





ဟာသကမ္ဘာ facebookမှ ကူးယူစူဆောင်းခြင်းဖြစ်...

သင့်ဆီက သင့်မေမေ ဘာတွေလိုအပ်နေလဲ သင်သိသလား???


"သား အမေ့ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့..."
"ဟာ..အမေကလည်းဗျာ ဒီမှာသားလည်းမနည်းနွှင်စားနေ
ရတာ..
... အမေစားနေတာလဲကြည့်ပါအုံး ထမင်းလုံးတွေကအောက်ကျလို့ ဂရုစိုက်မှပေါ့အမေရ...."

ထမင်းဝိုင်းမှ အမေအိုကြီး၏ အကူအညီတောင်းသံသည် သားဖြစ်သူ၏
အော်ငေါက်သံနောက်တွင် တိုးလျှိုးပျောက်ကွယ်သွား၏...အသက် ၆၀ ကျော်နေပြီဖြစ်သော သူမအတွက် ထမင်းတလုတ်ကို ပါးစပ်ထဲထည့်ဖို့ လက်တွေက ငယ်ငယ်ကလို သန်သန်မာမာမရှိတော့...ဇရာ၏ နှိပ်စက်မှုသည် သူမတစ်ကိုယ်လုံးကို တုန်တုန်ချိချိ ဖြစ်စေခဲ့သည်.. သူမ၏ အတွေးများသည် လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ဆီသို့တရွေ့ရွေ့ ပြန်ရောက်သွားသည်...

သားငယ်ငယ်က ထမင်းစားသည့်အခါ ထမင်းလုံးများပေပွ၍ ကြမ်းပြင်
ပေါ်တွင်လည်း ပြန့်ကျဲကျလျှက်....ထိုဟာများကို ရှင်းရသည့်အပြင် အရိုးစူးမှာ စိုး၍ အရိုးနွှင်ပေးရသည်....
နွှင်ပေးသည့်ကြားက မတော်တဆ သား အရိုးစူးသည့်အခါ အရိုးမြန်မြန်ကျစေဖို့ ငှက်ပျောသီးချော့ကျွေး၍သား၏ရင်ဘတ်လေးကို ကြင်ကြင်နာနာသပ်ပေးပြီး မိမိ၏ သေချာဂရုမစိုက်မှုအတွက်ကိုယ့်ကိုကိုယ်အပြစ်တင်မဆုံး
ဖြစ်ခဲ့ရသည်...ခုသူမကိုတော့သားသည်ထိုသို့မဟုတ်ခဲ့....
သားရေချိုးသည့်အခါ ရေဇလုံထဲတွင် ပျော်ပါးမြူးတူးနေသည့် သားကို ချော်လဲမှာစိုး၍ ထိန်းကျောင်းပေးခဲ့ဂရုတစိုက် ရေချိုးပေးခဲ့ရသည့် သူမ.. ခု ရေချိုးခန်းထဲရှိရေညှိများဖြင့် ချောနေသောကြမ်းပြင်ကို အမေချော်လဲမှာစိုး၍ တိုက်ချွတ်ရှင်းလင်းပေးရမှန်း သားသတိမထားမိခဲ့...

ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းတတ်သည့် သူမအတွက် "သားကိုယ်တိုင်သွေးထားတာမေမေလိမ်းဖို့ "ဆိုသည့်
အပြောမျိုး သားပါးစပ်ဖျားကထွက်ကျလာသည်ကို သူမလိုချင်မိသည်...
သို့သော် ငယ်စဉ်က သားကိုပေါင်ပေါ်တင်၍ မိမိသွေးထားသည့် သနပ်ခါးကို သားမျက်နှာပေါ် ကိုယ်တိုင်ကိုယ်ကျ ပါးကွက်ညီညီလိမ်းပေးတတ်သည့်အချိန်များကို သားမမှတ်မိတော့....
သားလက်သည်းခြေသည်းလေးတွေကို
တပတ်တခါ ညှပ်ပေးတိုင်း အသားလေးကို ညှပ်မိမှာစိုး၍ ဂရုတစိုက် ညှပ်ပေးခဲ့သည့် သူမမေတ္တာ...
တခါတရံအသားကိုညှပ်မိ၍ သားဆီမှ စူးခနဲထွက်ပေါ်လာသည့် ငိုသံသည် သူမရင်ကိုဗလောင်ဆူအောင် ပြာယာခတ် စေခဲ့မှန်းသားမသိခဲ့.....
ခုသူမလက်သည်းခြေသည်းတွေ ရှည်လာတော့ သားကိုယ်တိုင် မိမိကို ဂရုတစိုက်ညှပ်ပေးတာမျိုး တမ်းတမိသည်...သို့သော် "ဒါလေးလုပ်တာများ အမေရယ် ကိုယ်တိုင်ပဲညှပ်လိုက်ပါလား
သားမအားဘူး"ဆိုသော သားအပြောအောက်တွင် သူမ၏စိတ်ကူးလေးများပျောက်ပျက်သွားခဲ့ရသည်.....

ကလေးပီပီ ကစားကွင်းသွားရတာ နှစ်သက်သော သားအတွက် တပတ်တခါ အလုပ်အားရက်သည် သားနှင့်အတူ ကစားကွင်းတွင် အချိန်ကုန်စေဖို့ဖြစ်ခဲ့သည်...ပျော်ရွှင်မြူးတူးနေသောသားကိုကြည့်ရင်း
သူမရင်ထဲတွင် တပတ်လုံး လုပ်ခဲ့သမျှ အလုပ် အမောတွေ အားလုံး ပြေပျောက်ခဲ့ရသည်... ခုချိန်
ဘုရားသွားချင်၍ "သားဘယ်နေ့အားလဲ အမေ့ကိုလိုက်ပို့ပါလား"ဟူသော မျှော်တလင့်လင့်အမေးကို
အလုပ်အားရက်တိုင်းသူငယ်ချင်းများနှင့် Golf သွားကစားတတ်သော သား၏ အချိန်များကသားကိုယ်စားအဖြေပေးခဲ့သည်....
သားငယ်စဉ်ကျောင်းမနေရသေးခင်ကာလ သူတွေ့သမျှ စာများကို "မေမေဒါဘာရေးထားတာလဲဟင် သားကိုဖတ်ပြ " ဟူ၍ တွတ်တီးတွတ်တာ မေးတတ်သည်.... မိမိ အတွက် သားမေးတိုင်း
ကျောင်းမနေရသေးဘူး ငါ့သားက စာတွေစိတ်ဝင်စားနေပြီဟူသော
ပီတိဖြင့် သားကို ဖတ်ပြရ ရှင်းပြရသည်မှာ
အမောတစ်ခုဟု မထင်မှတ်ခဲ့.....ခု သူမ မျက်လုံးများ ဇရာ၏ နှိပ်စက်မှုအောက်တွင် အရာရာကို
ကြည့်ရမြင်ရသည်မှာ မှုန်တ၀ါးဝါး...
သားကို ဘာရေးထားသည်လဲမေးတော့သားနှုတ်ဖျား မှ
ထွက်ကျ လာသည့် " ဒီလောက်စာလုံးကြီးကြီးနဲ့ရေးထားတာ မမြင်ရဘူးလား အမေရာ "ဆိုသောစိတ်မရှည်သောသား၏အော်သံသည်
မာရသွန်ပြေးပြီး ပြန်လာသောကစားသမား တစ်ယောက်ထက် သူမရင်ကို ပို အမောဆို့စေခဲ့သည်....
သားငယ်ငယ်က ညအိပ်ခါနီးတိုင်း မိမိပုံပြင်စာအုပ်လေးတွေဖတ်ပြမှ သားအိပ်ပျော်တတ်သည်...
သူမသည် သားအတွက် ပုံပြောဆရာမတစ်ဦးဖြစ်ခဲ့သည်...သားမေးသမျှကိုစိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်..ခုတရားစာအုပ်လေးဖတ်ချင်သည့်အခါ သားကိုအကူညီတောင်းမိတော့ "အမေကလည်းတရားခွေတွေ ရှိတာပဲ
နားထောင်ပါလား " ဟူသော သား၏အပြောသည် မှုန်ဝါးဝါးဖြစ်နေသော
သူမ၏ မျက်လုံးအစုံကို ခေတ္တခဏ မိုးရွာစေခဲ့သည်.... သားသည် သူငယ်စဉ်ဘ၀မိမိဂရုစိုက်မှုများကိုမေ့လျော့နေခဲ့သည်...
မိမိ၏ လက်ရှိအသက်အရွယ်သည် လူ့ဘ၀၏
နေ၀င်ချိန်ရောက်နေပြီဆိုတာကို သားသတိမထားမိခဲ့...
ဇရာထောင်းလာသော သူမအတွက် အစစအရာရာသည် ငယ်စဉ်ကလေးဘ၀လို သူတစ်ပါးအကူအညီမပါဘဲ လုပ်ကိုင်ဖို့ ခဲယဉ်းသည်ဆိုတာ သားမသိ....
အကူအညီပေးသော ထိုသူတစ်ပါးသည် မိမိရင်မှ
မွေးဖွားခဲ့သော တစ်ဦးတည်းသောသားလေး ဖြစ်စေချင်သည်ကို သားမေ့နေခဲ့သည်....
ထိုဆန္ဒသည်အသက်အရွယ်ကြီးရင့်၍ လူပိုတစ်ယောက်လိုဖြစ်နေသော သူမအတွက် သားကိုဒုက္ခပေးလိုခြင်း မဟုတ်...

သားရင်ခွင်ထဲတွင်နေ၍ သား၏ ပြုစုမှုကို တောင့်တမိသည်...ကြင်နာမှုကို လိုချင်မိသည်..

သား၏မေတ္တာကို မျှော်လင့်မိသည်....မိမိဘ၀၏ နောက်ဆုံးအချိန်များကို သား၏ ကြင်နာနွေးထွေးသောဂရုစိုက်မှုများအောက်တွင် ကုန်ဆုံးချင်မိသည့် မိဘတစ်ယာက်၏ စိတ်ဆန္ဒသပ်သပ်သာဖြစ်သည်....

သို့သော် အထီးကျန်ဆန်လှသော သူမ၏ ဘ၀သည် သူမ၏စိတ်ကူးနှင့် လွန်စွာခြားနားလှသည်....မိမိရင်ခွင်ထဲတွင် ပျော်ရွှင်မြူးတူး
ဆော့ကစားနေခဲ့သော သား၏ ငယ်စဉ်ကာလ ပုံရိပ်လေးကို
ပြန်လည်မြင်ယောင်ရင်း သူမ၏ မျက်ရည်တစ်စသည် ထမင်းဝိုင်းပေါ်ရှိ ထမင်းပန်းကန်ထဲသို့ ပေါက်ခနဲ...................

"သင်၏ ကြင်နာနွေးထွေးသောမေတ္တာတရားကို သင်၏မိဘများ မျှော်လင့်နေကြသည်"
 
 
 
ဟာသကမ္ဘာ facebookက ယူလာတာပါ ..။အဲ့ မှာလဲ စနေဖြိုး မှ ကူးယာဖေါ်ပြသည် လို့ရေးထားပါတယ်...

Friday, February 17, 2012

မေဒေးလှိုင်



ငါပြောပြချင်လိုက်တာ
ငါ့ရင်ထဲမှာ ..
ငါ့ရင်ထဲမှာလေ …
လွမ်းလှပါတဲ့
ငါ့ရင်ထဲက ထောင့်ဖြတ်မျဉ်းကလေးရယ်
(၁၈) ရာသီတိုင်တိုင်
ငါ့ခံစားချက်တွေကို သတ်ခဲ့တဲ့ ငါလက်နဲ့ပါ။
ချစ်သော
ကျောင်းသွားဖော် ကောင်မလေးရယ်
ငါဟာ ပင်လယ်ပြင်ပေါ်မှာ
ဣနြေ္ဒကြီးကြီးနဲ့ ရေငတ်ခဲ့တဲ့ကောင်ပါ။
ပြောပြချင်ပါသေးတယ်
ငါ့ကို ကုတ်ခြစ်ခဲ့တဲ့လက်သည်းကလေးရယ်
ကြက်ခြေခတ်တွေ အုပ်ထားတဲ့
ဘ၀ရဲ့  ခြေတံဟောင်းများကို
ဖယ်ရှားပေးနိုင်သူဟာ
နင်တစ်ယောက်တည်းပါ။
နင်မသိလို့ပါ
ငါ့ရင်ဘတ် ငါပိတ်ခဲ့တဲ့
သံယောဇဉ်ပုံပြင်မှာ
နင်ပဲရှိတယ်။
သူမ
နင်သိပါလေစ
ကျောင်းတော်ရဲ့  အစကတည်းက
ငါလွယ်ထားခဲ့ရတဲ့
ခရမ်းပြာ ဓားချက်များအကြောင်း
နေခြည်အစင်းစင်းတို့
နောင်ခေတ်အဆက်ဆက်မှာ
ငါ့ဘ၀ကို ပိုင်သသူကို
ပြောပြကြမှာက
ငါမက်မက်မောမော တန်ဖိုးထားတဲ့
အစိမ်းပွင့်တဲ့ ပန်းတစ်ပွင့်အကြောင်းပါ။
စိမ်းလန်းနေဦးမယ်
အတိတ်ကပန်းအလင်္ကာတစ်ပုဒ်နဲ့
တစ်ခါတစ်ခါ
ငါ့ရင်မှာ ချိုလွင်ဖူးတဲ့
ဆည်းလည်းသံလေးကို
သတိရနေဦးမှာပါ။
ငါဟာခိုးဝှက်ပြီးမှ
လွမ်းခဲ့ရတဲ့ကောင်ပါ
ဖြစ်နိုင်မယ်ဆိုရင်
ငါ့နိုင်ငံတော်မှာ
ဘုရင်မလာလုပ်လှည့်ပါကွယ်။ 

ဒီကဗျာလေး ကိုBeautiful January ဘလော့ထဲ အရိုင်းချယ်ရီ လျှောက်သော လမ်း ဆောင်းပါး ထဲ က ကူးယူစုဆောင်းထားတာပါ .။

Tuesday, February 14, 2012

Photoshop ၀ါသနာရှင်တွေအတွက် ဓာတ်ပုံဒီဇိုင်ဆန်းဆန်းတွေလုပ်ဖို့ 

      ကိုရီးယား မင်းသားတော့ ဟုတ်ဖူး နော်
             နာမည်ကြီး မင်းသား တွေ နဲ့ ဆရာမ ပုံ ကို ပန်ချီဆရာတွေ ၀ိုင်းဆွဲနေ ကြတာလေ..!!

                                  တွေ့တယ်နော် ကောင်မလေး စိတ်ဝင်စာနေတဲ့ ဂျာနယ်လေး
                                                                   
ဓာတ်ပုံကိုဒီဇိုင်းလှလှလေးတွေ နဲ့  ပုံစံဆန်းဆန်းလုပ်ချင်ရင် ၀က်ဆိုဒ်ကောင်း


လေးတွေရှာတွေ့ ထားပါတယ် ဒီဇိုင်းတွေအများကြီးပါတယ် လုပ်လို့ လွယ်ကူပြီး


JPEG ဖိုင်နဲ့  ချက်ချင်း Save လိုရတော့ အတော် အဆင်ပြေတဲ့ ဆိုဒ်ကောင်း


တစ်ခုပါ Photo Shop ,Animation, လက်ဆောင် ကဒ်ဒီဇိုင်းလှလှ

လေးတွေနဲ့ ပုံစံမျိုးစုံလုပ်လို့ ရပါတယ်စမ်းသပ်လုပ်ချင်သူများ 

အောက်မှာကျွန်တော်သူများတွေရေးတင်ထားတဲ့ဆိုက်တွေ 

ကနေရှာ ပြီးစုထားတာပါ.....

ကဲ.....ဒီနေရာလေးမှာ  မရင်သွားလုပ်ကြည့်    http://funphotobox.com/


နောက်ထပ် ဒီ မှာ လဲ လုပ်လို့ ရတယ်ေ နာ် http://photofunia.com/
 ဒီကောင်လေးကတော့ အကောင့် နဲ့ ၀င် ရတဲ့ ဟာလေးပါ လွယ်ပါတယ် http://imikimi.com/
 



ဆိုက်စုံ မှ   ရှာဖွေစုဆောင်းခြင်း


 

ဓာတ်ပုံများနောက်ခံ water Mark ထည့်ချင်ရင် Portable လေးတစ်ခု



ပုံတွေမှာ  water mark  ထည့်ဖို့ တဲ့ ဆော့ဝဲလေးတစ်ခု ကောင်းမကောင်းတော့

စမ်းသုံးကြည့်ပေတော့ ဈေးကလည်းကြီးပ ဒါပေမယ့် ဒါလေးက  အသင့်သုံးလို့ 


ရတဲ့ Portable လေးနော် အင်စတောလုပ်စရာမလိုဘူး....ကဲ..ဆွဲ....................။


ဒီမှာ Download ယူပါ..
.Mytoolsoft Water Mark Maker

အသေးစိတ်လုပ်ပုံကိုဒီလင့်မှာကြည့်ပါ 
http://www.mytoolsoft.com/

မောင်(စွယ်စုံကျမ်း)မှ ကူးယူ စုဆောင်းခြင်းဖြစ်

ဘလော့ဂါများနဲ့  အခြေခံညာသင်တို့ အတွက် ပုံရိုက်ဖို့  ၊ Record လုပ်ဖို့ Fs63


အခုတင်ပေးတဲ့ ဆော့ဝဲနဲ့  ရိုက်လို့ ရသလို Print Sys Rq နဲ့ လည်းရတယ်နော် နမူနာရိုက်ပြတာ


ဒီဆော့ဝဲလေးကတော့ ကွန်ပျုတာထဲမှာ ဓာတ်ပုံရိုက်သလိုမျိုး အသုံးပြုချင်ရင် အဆင်


ပြေစေနိုင်တဲ့ Portable လေးတစ်ခုပါ ကီးဘုတ်မှာပါတဲ့ Print Screen ကိုနှိပ်ပြီး Paint


မှာ Paste လုပ်ရင်လည်း  အဆင်ပြေနိုင်ပါတယ် ။ ဘလော့ရေးသူတွေ အနေနဲ့ လည်း


အကြောင်းရာတစ်ခုခုကို ရှင်းပြချင်တဲ့အခါ  ကွန်ပျုတာထဲက  ပုံလေးတွေကို ရိုက်ယူဖို့ 


လိုပါတယ် နောက်တစ်ခုက Video recording ဖိုင် လုပ်ရင်လည်းရပါတယ်။ မိမိရှင်းပြ


လိုတဲ့ ဆော့ဝဲတစ်ခုအကြောင်း  နည်းပညာတစ်ခုအကြောင်း နမူနာလုပ်ပြနေတဲ့ အခါ


ကွန်ပျုတာမှာ ကိုယ်လုပ်နေသမျှကို Vedeo file အဖြစ် Recording ယူမှာဖြစ်ပါတယ်


ဘလော့ရေးသူ ၊နည်းပညာအကြောင်းရှင်းပြသူတွေအတွက် အတော်လေးအသုံးဝင်မဲ့


ဆော့ဝဲကောင်းလေးတစ်ခုဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်..............။




ဒီမှာ Download ယူပါ  -  Fastone Screen Capture (Portable )


ဒီမှာလည်း ယူလို့ ရတယ် -  http://www.portablefreeware.com/?id=775


အသေစိတ်မူရင်းလင့်မှာ ဖတ်ပါ - http://www.faststone.org/FSCapture

မောင်(စွယ်စုံကျမ်း) မှကူးယူစုဆောင်းခြင်းဖြစ်ပါတယ်..

Saturday, February 11, 2012

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် ဖွင့်လှစ်ပြီးစီးခဲ့ပြီ


မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင်၂၀၁၁ ဒီဇင်ဘာလ ၁၉ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို ဖွင့်လှစ်ခဲ့ရာ နေပြည်တော် လေဆိပ်သစ်သည် ရန်ကုန်နှင့် မန္တလေး လေဆိပ်များပြီးလျင် မြန်မာနိုင်ငံ၏ တတိယမြောက် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်လာကာ တစ်နှစ်လျင် လေယဉ်ပေါင်း ၆၅၀၀၀ ဆင်းတက်နိုင်မည် ဖြစ်ကြောင်း သိရသည်။



အဆိုပါ လေဆိပ်ကို Asia World ကုမ္ပဏီက စင်္ကာပူ အခြေစိုက် အင်ဂျင်နီယာအဖွဲ့ CPG Consultants Pte ၏ နည်းပညာ အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး စီမံကိန်း ကုန်ကျစရိတ်များကို တရုတ်နိုင်ငံမှ စိုက်ထုတ်ပေးခဲ့သည်ဟု သိရသော်လည်း မည်မျှ ကုန်ကျသည်ကို မသိရှိရပေ။

၎င်းလေဆိပ်သစ်ကို မြန်မာနိုင်ငံက နေပြည်တော်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သော မဟာမဲခေါင်ဒေသခွဲ (Greater Mekong Sub-region) ၏ စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးညီလာခံနှင့် တိုက်ဆိုင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
လေဆိပ် တည်ဆောက်မှုကို ၂၀၀၇ ခုနှစ် ဧပြီလတွင် စတင်ခဲ့ခြင်း ဖြစ်ပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်တွင် ၃.၆ ကီလိုမီတာ ရှည်သော ပြေလမ်း ၊ ၆၉ မီတာ မြင့်မားသော လေကြောင်း ထိမ်းသိမ်းရေး မျှော်စင်နှင့် ခရီသည် အတင်အချ တံတား ၁၀ ခု ပါဝင်ပြီး နှစ်စဉ် လေယဉ်ပေါင်း ၅၀,၀၀၀ မှ ၆၅,၀၀၀ အထိ အတက်အဆင်း ပြုလုပ်နိုင်ကြောင်း သိရသည်။


 ပုသိန်city မှ ကူးယူစုဆောင်းခြင်းဖြစ်..!!

ရန်ကုန်မြို့တွင် မြေအောက်ရထားလမ်းဖောက်လုပ်တော့မည်..!!

             ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နေချိန်၌ ရန်ကုန် မြို့တော်အား စီးပွားရေးမြို့တော်တစ်ခု အဖြစ် အဆင့်မြှင့်တင်နိုင်ရန် မြေပေါ်မြေအောက် မီးရထား လမ်းများကို ဖောက်လုပ်သွားမယ်လို့ သိရပါတယ်။ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းက ဇန်န၀ါရီ (၂၆) ရက်နေ့မှာ နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြား ခဲ့တာပါ။ အဆိုပါ စီမံကိန်းအတွက် နိုင်ငံခြားပညာရှင်များက ရေးဆွဲနေပြီဖြစ်ကြောင်း သိရပါတယ်။







          နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတဲ့ လက်ရှိ သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက် အချိန်တိုအတွင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု များစွာထဲက ယခုစီမံကိန်းဟာ တစ်ခုအပါအ၀င်
ဖြစ်ပါတယ်။  ဘယ်သူတွေ ဘာပြောပြော၊ အတိုက်အခံတွေ ဘာအော်နေ အော်နေ တိုးတက်မှု အရှိန်အဟုန်မြင့်နေတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ ပြည်သူလူထုက ထောက်ခံတဲ့ အစိုးရနဲ့အတူ ဖွံ့ဖြိုးတိုးတက်မှုတွေ အဆက်မပြတ်ပေါ်ထွန်းနေမှာ ဖြစ်ကြောင်း ရွှေမြန်မာက တင်ပြလိုက်ပါတယ်။










 ရွှေမြန်မာ  
မှ ကူးယူ စုဆောင်းထားခြင်းဖြစ်..!!

















သူငယ်ချင်းဆိုတာ........(သူငယ်ချင်းရှိသူတိုင်းဖတ်စေချင်ပါတယ်)

သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။ "သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။

သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။


လျင်သူစားစတမ်း၊ သာသူမြတ်ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင်ဆိုတာကို ခွဲခြားဖို့ခက်ခဲသွားတယ်။ "သူငယ်ချင်း"ဆိုတဲ့ အခေါ်ကိုလည်း ကျွန်တော်တို့ ထိတ်လန့်လာခဲ့ကြတယ်။


ဒီလိုဆိုရင် ဘယ်လိုအရာမျိုးကို သူငယ်ချင်းအစစ်အမှန်လို့ ခေါ်သလဲ? လူတစ်သက်မှာ အဲဒီလို သူငယ်ချင်းမျိုး ဘယ်နှယောက်လိုသလဲ?


အမေရိကန်စာရေးဆရာ Todd Parrက "အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ သင်လိုချင်တဲ့အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့"လို့ ဆိုထားတယ်။ အမေရိကန်စာရေးဆရာ Tom Rathက လူတစ်ယောက်မှာ မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး လိုအပ်တယ်ဆိုပြီး အခုလို့ရေးသားခဲ့ပါတယ်။


(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း

သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။

(၂) ဖေးမကူညီတဲ့သူငယ်ချင်း

သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။

မိန်းကလေးများ၏လျှိုဝှက်ချက်များး



---ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေက သူ့ဆီဖုန်းဆက်စေချင်တာလဲ စာလေးတွေပို့စေချင်တာလဲဆိုတာကို--------
ကောင်မလေးတွေက ဖွဲ့နွဲ့နေတဲ့စကားလုံးတွေကို လိုလားတာမဟုတ်ပါဘူး။ ကောင်လေးဘယ်လောက်အလုပ်ရှုပ်နေပါစေ ကောင်မလေးကို သတိရနေပါတယ်ဆိုတာကို သိချင်နေတာပါ။
----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် အစားသွားစားမယ်လို့ပြောတာကို--------
ကောင်မလေးတွေကတကယ်စားချင်နေတာမဟုတ်ပါဘူး။ ကောင်လေးနဲ့ နှစ်ယောက်ထဲ စားနေရတဲ့အချိန်ကို ကြည်နူးလို့ပါ။ နှစ်ယောက်ထဲကမ္ဘာမှာနေချင်လို့ပါ။
----ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်လက်ဆောင်လိုချင်တာလဲ--------
ကောင်မလေးတွေကတောင်းဆိုလိုက်တဲ့အရာကို ကောင်လေးတွေဝယ်ပေးမှာလား မ၀ယ်ပေးဘူးလားဆိုတာကို သိချင်တာပါ။ အဓိကတော့ ကောင်မလေးအတွက် ကောင်လေးဒီပိုက်ဆံကိုဖြုန်းပေးနိုင်လားဆိုတာကိုသိချင်တာပါ။

ယောက်ျားလေး တို့၏ လျို့ဝှက်ချက်များ


 ကောင်မလေးတွေမသိတဲ့ကောင်လေးတွေအကြောင်း


 ယောက်ျားလေးတွေဟာ သူတို့ သဘာဝအတိုင်း တနေ့လုံးနီးပါး စတတ် နောက်တတ်ကြပေမယ့်


အိပ်ခါနီးလေးမှာတော့ သူတို့ ဂရုစိုက်တဲ့ (သူတို့ စိတ်ဝင်စားတဲ့ )မိန်းကလေးကိုအကြောင်းကိုတော့ တွေးကြစမြဲပါဘဲ .....




ယောက်ျားလေးတွေက ကောင်မလေးတွေ ထင်ထားတာထက် ပိုပြီး စိတ်ခံစားလွယ်ပါတယ်..


သူတို့ခေါင်းထဲက ချစ်ရတဲ့ကောင်မလေးကို ထုတ်ပြစ်ဖို့ဆိုတာ ထင်ထားတာထက် ပိုပြီးအချိန်ပိုကြာတတ်ပါတယ်...


Second တိုင်းအမျှ ခံစားရတတ် ပါတယ်...




သူတို့ဟာ သူတို့ချစ်တဲ့ ကောင်မလေးတွေရဲ့ အပြုံးမှာ ရူးသွပ်သွားတတ်ပါတယ်..


Friday, February 10, 2012

နေပြည်တော်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး မြေအောက် ရထားလမ်း ဆောက်လုပ်ခွင့် ရရှိ၍ ရုရှားနိုင်ငံက ဂုဏ်ယူလျက်ရှိ



မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်၏ ဂုဏ်ဆောင် မြေအောက် ရထားလမ်း စီမံကိန်းကို ရုရှားနိုင်ငံက တာဝန်ယူ ဆောက်လုပ်ခွင့် ရရှိသည့် အတွက် ဂုဏ်ယူ နေမိကြောင်း စီမံကိန်း၏ ဗိသုကာ အကြီးအကဲ တစ်ဦးက The Voice of Russia သို့ ပြောကြားကြောင်း ၁-၈-၂ဝ၁၁ ရက်တွင် သိရသည်။ ရုရှား နိုင်ငံသည် မြေအောက် ရထားလမ်း စီမံကိန်းများ အတွက် ဘူမိဗေဒ ဆိုင်ရာ လေ့လာ တိုင်းတာမှုများနှင့် ဒီဇိုင်းပညာ တို့တွင် နည်းပညာ မြင့်မား ကျွမ်းကျင်မှု ရှိနေပြီး နေပြည်တော်တွင် ဆောက်လုပ်မည် ဖြစ်သော ကီလိုမီတာ ၅ဝ (၃၁မိုင်ခန့်) ရှိသော  အရှည်ဆုံး ပတ်လမ်းကို နည်းပညာ မြင့်မားစွာ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ 

Happy Valentine For နှင်းဆီပွင့် တို့ရဲ့ သင်္ကေတ

ချစ်သူများနေ့ နီးလာတော့ ကိုယ့်ရဲ့ ချစ်သူ ကောင်မလေးတွေဆီ သို့မဟုတ် ကောင်လေးတွေဆီကို ချောကလက်တို့ ပန်းစည်းတို့ ပေးတတ်ကြပါတယ်. ချစ်သူများနေ့မှာ ပန်းစည်းတွေ ပေးကြတဲ့ အခါမှာ နှင်းဆီပွင့်လေး တွေကို ပေးတတ်ကြပါတယ်။ အဲဒီလို ပေးတဲ့အခါ မှာ နှင်းဆီပွင့် ဘယ်နှစ်ပွင့် ပေးလဲ ဆိုတဲ့ အပေါ် မှာ မူတည်ပြီး တော့ နှင်းဆီပွင့် တွေ ရဲ့အနက် အဓိပ္ပာယ် လေး တွေကို ဖွင့်တတ်ကြပါတယ်။ နှင်းဆီ တစ်ပွင့် စီ ရဲ့ အဓိပ္ပာယ် ဖော်ဆောင်မှု လေး တွေကို ရှာဖွေပြီးတော့ စာဖတ်သူ သူငယ်ချင်းများသို့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

နှင်းဆီ ၁ ပွင့် ………….ရင်ထဲမှာ မင်းပဲရှိတယ် 

နှင်းဆီ ၂ ပွင့်……………ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း

နှင်းဆီ ၃ ပွင့်……………မင်းကို ငါချစ်တယ်
နှင်းဆီ ၄ ပွင့်……………သေတောင်မခွဲဘူး
နှင်းဆီ ၅ ပွင့်……………တန်ဖိုးထားမြတ်နိုး
တယ်
နှင်းဆီ ၆ ပွင့်……………တစ်ယောက်ကို တစ်ယောယက် လေးစားချစ်ခင် ခွင့်လွှတ်တယ်
နှင်းဆီ ၇ ပွင့်……………မင်းကို တိတ်တခိုးလေး ချစ်နေမယ်
နှင်းဆီ ၈ ပွင့်……………မင်းရဲ့ ကြင်နာမှုနဲ့ အားပေးမှု ကို ကျေးဇူးတင်တယ်
နှင်းဆီ ၉ ပွင့်……………အမြဲတမ်း
နှင်းဆီ ၁၀ ပွင့်………….အပြစ်ကင်းစင်သော ချစ်သူ
နှင်းဆီ ၁၁ ပွင့်………….မင်းတစ်ယောက်တည်းကိုပဲ ဂရုစိုက်တယ်
နှင်းဆီ ၁၂ ပွင့်………….တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်
နှင်းဆီ ၁၃ ပွင့်………….သူငယ်ချင်းအချစ်
နှင်းဆီ ၁၄ ပွင့်………….ဂုဏ်ယူပါတယ်
နှင်းဆီ ၁၅ ပွင့် ………....I’M SORRY! ငါ့ကိုခွင့်လွှတ်ပေးနိုင်မလား
နှင်းဆီ ၁၆ ပွင့်………….မတည်ငြိမ်သော အချစ်
နှင်းဆီ ၁၇ ပွင့်………….ပြန်မရနိုင်တော့တဲ့ အချစ်
နှင်းဆီ ၁၈ ပွင့်………….ရိုးသားပွင့်လင်းခြင်
နှင်းဆီ ၁၉ ပွင့်…………မျှော်လင့်စောင့်စားခြင်း
နှင်းဆီ ၂၀ ပွင့် ………...ငါ့မှာ ရိုးသားတဲ့ အချစ်တစ်ခုတည်း ရှိပါတယ်
နှင်းဆီ ၂၁ ပွင့်………….ရိုးသားတဲ့ အချစ်
နှင်းဆီ ၂၂ ပွင့်………….မင်းကံကောင်းပါစေ
နှင်းဆီ ၂၅ ပွင့်………….မင်း ပျော်ရွှင်ပါစေ
နှင်းဆီ ၃၀ ပွင့်…………..ဖူးစာကို ယုံတယ်
နှင်းဆီ ၃၆ ပွင့် ……….....Romantic
နှင်းဆီ ၅၀ ပွင့်…………...မမျှော်လင့်ပဲ တွေ့ကြတယ်
နှင်းဆီ ၉၉ ပွင့်…………...Forever!
နှင်းဆီ ၁၀၀ ပွင့်………….၁၀၀% အချစ်
နှင်းဆီ ၁၀၁ ပွင့်…………..အရမ်း….အရမ်း…..ချစ်
နှင်းဆီ ၁၀၈ ပွင့် ……….....လက်ထပ်ခွင့်ပေးပါ
နှင်းဆီ ၁၁၁ ပွင့်…………...အဆုံးမဲ့အချစ်
နှင်းဆီ ၁၄၄ ပွင့်…………...နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကို ချစ်တယ်
နှင်းဆီ ၃၆၅ ပွင့်………...…နေ့တိုင်းလွမ်းတယ်
နှင်းဆီ ၉၉၉ ပွင့် ……….....မချုပ်ငြိမ်းတဲ့ အချစ်၊ အမြဲတမ်း ထာဝရ
နှင်းဆီ ၁၀၀၁ ပွင့်………….သက်ဆုံးထိတိုင် အချစ်မိုးတွေ သည်းနိုင်ကြပါစေ 
လရိပ်အိမ်  ကရှယ်လာတာလေ....


အပျိုစင်တို့ သိ့သင့်သမျှ

 ဒီပို့(စ်)လေးကထပ်ဆင့်မျှဝေထားတာပါ ။ မူရင်းတင်ထားတဲ့ ဆိုက်ကိုမရောက်ဘဲ ကြောင်လည်သား ဆိုက်လေးကို မျက်စိလည် လမ်းမှားပြီး ရောက်လာတဲ့ အပျိုစင် မမ၊ ညီမလေး တွေ အတွက် သိသင့်တယ်ထင်လို့ပါ...( online ပေါ်မှာလား )က ကျွန်တော် အဆစ်ထည့်ထားတာ၊ ကျွန်တော် ကူးလာ တဲ့ဆိုက်ကတော့ဒီမှာဗျို့ မမ၊ညီမလေးတွေ အချိန်ရရင် သွားလည် လိုက်ပါဦး.....
------------------------------------------




            အရွယ်ရောက်လာတာနဲ့ ချစ်သူတွေ့မယ်၊ ချစ်မယ်၊ ညားမယ်၊ ငယ်နုစဉ်မှာ တွေ့ရ ကြုံရ ရင်ဆိုင်ရမှာဟာ ဘ၀တသက်
တာအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်ဆိုတာ မမေ့လေနဲ့။


သေချာတာကတော့ ကိုယ်တွေ့ရမယ့် ချစ်သူဟာ ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ကပဲ ဖြစ်ပါမယ်။ ဈေးထဲမှာ ဈေး
ရောင်းနေသူဟာ ဆိုင်နားနီးချင်း ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သူတွေ့ရမယ့် သူဟာ ဈေးဝယ်လာတဲ့သူ ဖြစ်မှာပေါ့၊ အရပ်ထဲ
မှာ အိမ်မှာပဲနေသူဟာလည်း အရပ်ထဲက အချင်းချင်းပဲ တွေ့ကြမှာပေါ့၊ ဆေးတက္ကသိုလ်တက်နေ တော့လဲ ဆေး
တက္ကသိုလ် တက်နေသူချင်း တွေ့ပြီး ဒေါက်တာ မောင်..........နှင့် ဒေါက်တာ မ.........တို့၏ မင်္ဂလာဧည့်ခံပွဲ ဆိုတာ
မျိုး ဖြစ်တာပေါ့။


ကိုယ်ကျင်လည်ထိတွေ့နေတဲ့ ဝန်းကျင်နဲ့ ကင်းကွာတဲ့ ဖူးစာဖက်ဆိုတာကတော့ နဖူးစာ ရွာလည်လို့ တွေ့ဆုံပုံ ထူးမှ
ရကြတာပါ။ ခရီးထွက်ရင်း တွေ့တာမျိုး၊ ပွဲလမ်းသဘင်မှာ ဆုံတာမျိုး၊ ပခုံးချင်းတိုက်မိလို့ ညားတာမျိုး၊ ရှိတော့ ရှိတယ်
ရှားတယ်ဆိုတဲ့ ဖြစ်ရပ်မျိုးတွေပေါ့။ စဉ်းစားကြည့်ပါ ဆံဖြူ သွားကြွေ၊ ပါးရေ နားရေ တွန့်သော်မှ မြေးမြစ်တွေ ထိန်း
ရင်း ပြုံးပျော်နိုင်ကြဖို့ အတွက် ရွေးရမယ့်လက်တွဲဖော်ကို ဘယ်လိုနေရာက ရှာမှာလဲ၊ ကိုယ့်ဘဝလက်တွဲဖော်ရှာမယ့်
နေရာဟာ ဘယ်လိုအသိဉာဏ်နှင့် ဘယ်လိုလူတွေ လာမယ့်နေရာလဲ၊ နေရာတွေကို ပထမ စဉ်းစားကြည့်ပါ။


စားသောက်ဆိုင်မှာလား
ကာရာအိုကေမှာလား
ကွန်ပျူတာ သင်တန်းမှာလား
စီမံခန့်ခွဲမှု၊ စီးပွားရေး သင်တန်းမှာလား
ရုံးမှာလား
ပွဲရုံမှာလား
စတိုးဆိုင်မှာလား
ကိုယ့်အရပ်ထဲကပဲလား
ဟိုတယ်မှာလား
ကုမ္ပဏီမှာလား
online ပေါ်မှာလား


ဆက်ဖတ်ရန်

အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်သော ယောက်ျားများအကြောင်း

၁။   မြင်မြင်ရာအကုန်ဖိုက်လို့ ( A ) ကိုက်နေတဲ့ ယောက်ျား။
၂။   ယမကာဆိုအားလုံးကြိုက် ( B ) ယာဗိုက်နဲ့ ယောက်ျား။
၃။   အနေအစားကမရှောင် ( C ) ပိုးကောင်တွေများတဲ့ယောက်ျား။
၎။   ပျိုပျိုမေမှန်သမျှကို ချစ်တယ် ချစ်တယ်နဲ့ အဲ့ ( D ) စကားပဲပြောလေ့ရှိတဲ့ ယောက်ျား။
၅။   လူရှေ့သူရှေ့မရှောင် ( E ) တပူပူ ပေါက်တဲ့ ယောက်ျား။
၆။   မူးလာရင်အရစ်ရှည် ပြောသမျှစကားတိုင်း ( F ) ကြောင်းထပ်တဲ့ ယောက်ျား။
၇။   လစာက နှစ်ပဲတစ်ပြား စားတိုင်း သောက်တိုင်း ( G ) ကျတဲ့ ယောက်ျား။
၈။   ညညဆို အင်မတန်ဆိုး သိုးနေအောင် ( H ) တဲ့ယောက်ျား။
၉။   ( I ) တွေ့တိုင်း ခြေဆေးတတ်တဲ့ ယောက်ျား။
၁၀။ အစားအသောက်ဆို အလွန်ဂျီးများ ( J ) ဒိုးနပ်ဆိုင် နေ့တိုင်းသွားတဲ့ ယောက်ျား။
၁၁။ မျက်နှာက သရဲရုပ် ပန့် ( K ) ခုတ်တဲ့ ယောက်ျား။
၁၂။ ကိုယ်လုံးက ခပ်သွယ်သွယ် ဟိုဒင်းက ( L ) စတုံကြီးတဲ့ ယောက်ျား (ဒေါသ)။
၁၃။ အရက်သောက်ရင် အတောမသတ် ( M ) ဖတ်ဆို့လေ့ရှိတဲ့ ယောက်ျား။
၁၄။ လူတကာကို ပြဿနာရှာ နေရာတကာ ( N ) တရာယ်များတဲ့ ယောက်ျား။
၁၅။ လူကတော့ သနားကမား အဖိုး ( O ) ရုပ်နဲ့ ယောက်ျား။
၁၆။ အလုပ်လုပ်တိုင်း ယောင်ဝါးဝါး တစ်ခုမှ မ ( P ) ပြင်တဲ့ ယောက်ျား။
၁၇။ မိန်းမကြီးကို အိမ်မှာထား အွန်လိုင်းတက်ပြီး ( Q ) တဲ့ယောက်ျား။
၁၈။ အပြောနဲ့အလုပ်ကမကိုက် ( R ) ရိုက်တဲ့ ယောက်ျား။
၁၉။ ""မ"" ဆိုရင် အကုန်လာထား ( S ) စစ် အတု မခွဲခြားတဲ့ ယောက်ျား။
၂၀။ ယောက်ျားစိတ်နဲ့ မကိုက်ညီ ( T ) တီတာတာ ပြောတဲ့ယောက်ျား။
၂၁။ လူမှုရေးလည်း အလေးမထား ရသမျှ ( U ) မယ်ဆိုတဲ့ ယောက်ျား။
၂၂။ အချိန်ရှိတိုင်း အလှပြင် ( V ) ဒီယိုမင်းသား အိုင်တင်ဖမ်းတဲ့ ယောက်ျား။
၂၃။ ညနေတိုင်းဇိမ်ယူ ( W ) ကစ်တဲ့ယောက်ျား။
၂၄။ သူ့သဘောကျ ထင်တိုင်းကဲ ည ( X ) ချိန်နဲတဲ့ ယောက်ျား။
၂၅။ ယင်းထလာရင်မွှေကာနှောက် မိန်းမသောက်တဲ့ ( Y ) ပုလင်းပါ ချန်မထားတဲ့ယောက်ျား။
၂၆။ အရက်မူးရင်အလွန်ဆိုး ( Z ) ကျိုးပြီး အိမ်ပြန်တဲ့ ယောက်ျား။
၂၇။ ကိုယ့်မိန်းမကို မသနား ( Z ) ကြောလေး ဆွဲပေးပါဆိုတဲ့ ယောက်ျား။
၂၈။ ချစ်သူဘ၀ကိုမသနား ( Y ) ယာလက်စံနစ် သုံးတဲ့ယောက်ျား။
၂၉။ ( X ) ယာဝင်တိုင်း စိတ်ညစ်ရ ဖလန်း ဖလန်းထနေတဲ့ ယောက်ျား။
၃၀။ ခါးစောင်းပြီး လက်ပြင်ကိုင်း ( W ) လို နှစ်ကော့တစ်ကုံးနဲ့ ယောက်ျား။
၃၁။ မိန်းမကိုအနားမှာထား ( V ) ဒီယိုဆို ဟိုကားမှ ရွေးကြည့်တဲ့ ယောက်ျား (သရဲကား)။
၃၂။ ပိုကာဖဲလိုသဘောထား ( U ) ပြီးရင် ပစ်တတ်တဲ့ ယောက်ျား။
၃၃။ တင်၊ ရင်၊ ခါး တစ်ဖြောင့်တည်းအလား ( T ) ကောင်ကိုယ်လုံးနဲ့ ယောက်ျား။
၃၄။ ဘက်ထရီလုပ်ငန်းလုပ်ကိုင်စား ( S ) စစ်ကြောင့် အသက်တိုမယ့်ယောက်ျား။
၃၅။ ကေတီဗွီ နေ့တိုင်းသွား ( R ) ပြဲသံနဲ့ ဟစ်တဲ့ ယောက်ျား။
၃၆။ ယောက္ခမအမျိုးတွေသတိထား (Q) ပင်ခုတ် ကြူငုတ်ပါမထားဘူးဆိုတဲ့ ယောက်ျား။
၃၇။ စကားလုံးက ခပ်ထွားထွား မြိုင်ရာဇာ တွတ် ( P ) လို အကြွားသန်တဲ့ ယောက်ျား။
၃၈။ ဘာသာရေးကိုအလေးမထား (O) ဇာတာ ဆိုးမယ့်ယောက်ျား။
၃၉။ တူမနဲ့တင်အတောမသတ် ( N ) တီကိုပါ ရန်ရှာမယ့် ယောက်ျား။
၄၀။ လူနေခြုံကြား၊ စိတ်နေဘုံဖျား တကယ်ကို (M) မကျတဲ့ ယောက်ျား။
၄၁။ အသံက ပြာတာတာ ( L ) ကိုင်ရာ သီချင်းတွေကို ဆိုတဲ့ယောက်ျား။
၄၂။ နေရာတကာမှာဗိုလ်လုပ် ( K ) သရာဇာရုပ်နဲ့ ယောက်ျား။
၄၃။ ခလေးမဟုတ် သူငယ်မဟုတ် ( J ) ကဒ်စုပ်တဲ့ ယောက်ျား။
၄၄။ အလုပ်ကဆိုက္ကားသမား မင်းသား ( I ) တင်ဖမ်းတဲ့ ယောက်ျား။
၄၅။ တစ်နေကုန် ပွေကာရှုပ် (H) တန်းပြန် မိုးချုပ်တဲ့ ယောက်ျား။
၄၆။ တစ်ကြိမ်လည်းမက၊ နှစ်ကြိမ်လည်းမရ... အင်မတန် (G) ကျတဲ့ယောက်ျား။
၄၇။ ရုပ်ပြ ခြူစား ( F ) ace Book သုံးတဲ့ ယောက်ျား။
၄၈။ လက်သည်းတွေ အရှည်ထား ( E ) mo လုပ်တဲ့ ယောက်ျား။
၄၉။ သူလုပ်တိုင်းအမြဲမှား (D) တစ်ခါတည်းပါလို့ ပြောတဲ့ယောက်ျား။
၅၀။ ( C ) DMA ဖုန်းကိုခါးမှာထား စော်တွေ့တိုင်း ချိတ်တဲ့ ယောက်ျား။
၅၁။ အသားက ၀ါတာတာ ( B ) ပိုးပါတဲ့ ယောက်ျား။
၅၂။ ရူပါက ခပ်မိုက်မိုက် (A) ဒင်ဥယျာဉ်မှူး ဂိုက်နဲ့ ယောက်ျား။


လူသားအားလုံးအတွက်    ဆိုတဲ့ဆိုက်လေးကနေ ယူထားတာပါ..!

နေပြည်တော် နှင့် ရန်ကုန် သုံးနာရီ ကြာမည့် အမြန် ရထားလမ်း စီမံကိန်း ဆောင်ရွက်မည်


နေပြည်တော် နှင့် ရန်ကုန် ခရီးကို သုံးနာရီသာ ပြေးဆွဲ ရမည့် အမြန် ရထားလမ်း စီမံကိန်းကို စတင် တော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။ ယင်း ရထားလမ်းကို တရုတ် နိုင်ငံ နှင့် ပူးပေါင်း တည်ဆောက်မည် ဖြစ်၍ လမ်းမိုင် အရှည်မှာ ၂၂၆ မိုင်ခန့် ရှိမည် ဖြစ်ကြောင်း သိရသည်။ ယင်း ရထား လမ်းသည် ရန်ကုန်မှ ပျဉ်းမနား ရေဆင်း အကျော် ထိဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ပြီးစီးရန် ရည်ရွယ် ထားပြီး ရန်ကုန် - နေပြည်တော်ကို သုံးနာရီ ခရီး ကြာမြင့်မည် ဖြစ်သည်။


ဆက်ဖတ်ရန်

Thursday, February 9, 2012

နိုင်ငံအသီးသီးမှ အမျိုးသမီးစစ်သည်တော်များ...


ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ရှိတဲ့ တပ်မတော်တွေမှာ အမျိုးသမီးတွေ ရဲ့ အခန်းကဏ္ဏ ဟာ လဲ ရှော့တွက်လို့မရပါဘူး...။အမျိုးသမီးတွေဟာ ယောက်ျားလေးတွေ ရင်ဘောင်တန်းပြီး မိမိတိုင်းပြည်၊ မိမိလူမျိုးအတွက် ကာကွယ်ရေး တာဝန်တွေ ထမ်းဆောင်နေကြတာတွေ့ရပါတယ်....။ အောက်က ပုံလေးတွေ ကြည့်လိုက်ပါဦး.....!!!

  ..
   

ပုံတွေ ကျန်သေးတယ်နော်

ကမ္ဘာ့တစ်လွှားက ထူးထူးဆန်းဆန်း အိမ်ရာမဲ့ လူတွေ ပါ..