Saturday, July 4, 2009

ဖောက်ပြန်ခြင်း

`အချစ်´ဆိုတာကို 
ဒိုင်ယာရီထဲပဲခေါက်သိမ်းထားခဲ့တာလေ
ထစ်ခနဲဆို
ထထလောင်တဲအလွမ်းက
တကယ်ဆို
ခြေသံလုံသင့်တာပေါ့
အခုတော့
အက်ကြောင်းထပ်မျော်လင့်ခြင်း
သော့တန်းလန်း ရှပ်တိုက်ပြေး။
ခပ်နွေးနွေး....အို
ခပ်ပြေးပြေး...ပြို
ခပ်လေးလေး...ငို
တစ်ကိုယ်စားအလိုမကျမူတွေတဖဲဖဲဆုတ်
ကျွန်တော်
အဆုတ်တစ်ခြမ်းနဲပဲရပ်တည်နေပါရစေ......။