Monday, July 30, 2012

စကိတ်စီး ဖိနပ်


    လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ (ဘီစီ- ၃၀၀၀ ခန့်က အသုံးပြုခဲ့သော) ရှေးအကျဆုံး ရေခဲပြင်သုံး စကိတ်ဖိနပ် တစ်စုံကို ဆွစ်ဇာလန်နိုင်ငံ ရေအိုင်တစ်ခု၏ အောက်ခြေမှ ရှာဖွေ တွေ့ရှိခဲ့သည်။ ယင်းတို့ကို ကြီးမားသော တိရစ္ဆာန်တစ်ကောင်၏ ခြေထောက်အရိုးကို အသုံးပြု၍ ပြုလုပ် ထားသည် ဟုပညာရှင်များ အတည်ပြုခဲ့ကြသည်။ အရိုး၏ အစွန်းနှစ်ဖက်ကို အပေါက်  များဖောက်၍ သားရေပြားကို ချည်နှောင်ပြီး စကိတ်အဖြစ် သုံးခဲ့ကြသည်။ အခေါ်အဝေါ် မှာ ရှေးဟောင်းဒိန်းမတ် ဘာသာစကားဖြစ်သော “schenkel” မှဆင်းသက် လာပြီး ခြေထောက်အရိုးဟု အဓိပ္ပာယ်ရပါသည်။
၁၄- ရာစုဝန်းကျင်၌ ဒတ်(ချ) လူမျိုးတို့သည် သစ်သားပြား၏ အောက်တွင် ပါးလွှာသော သံပြားကိုပိုးပြီးစကိတ် အဖြစ်တီထွင်သုံးစွဲခဲ့သည်။ အေဒီ- ၁၅၀၀ တွင် သေးငယ်ရှည်လျား နှစ်ဖက်ချွန် သတ္တုပြားကို ယင်းအောက်တွင် ပူးတွဲလိုက်သောအခါ စီးသူသည် မိမိ ခြေအားကို သုံး၍ စကိတ်ကိုလျှောအောင်လုပ်နိုင်ခဲ့သည်။ ထိုအရာကို “Dutch Roll” ဟုခေါ်ပါသည်။
၁၈၄၈ တွင် E. V. Bushnell (Philadelphia, PA) ဆိုသော သူက ပထမဆုံး အဖြစ် စတီး(လ်) ဖြင့် စကိတ်ကို တီထွင်ခဲ့သည်။ ၁၈၆၅- ၌ Jackson Haine (Famous American Skater) က စီးသူ၏ ရှူးဖိနပ်နှင့် တွဲ၍ လွယ်ကူစွာ စီးနိုင်သော သတ္တုပြား (Metal Blade) ကိုတီထွင် သုံးစွဲခဲ့သည်။ သူသည် ထိုအတွက်ကြောင့် ထင်ရှားလာခဲ့သည်။ လှပသောရွေ့လျားပုံစံများဖြင့်စီးခြင်း၊ အခုန်၊ စပင်း (မွှတ်လည်ခြင်း) တို့ကို တီထွင်ခဲ့သူဖြစ်သည်။
ယင်းတို့အားလုံးမှာ သဘာဝရေခဲလွှာများပေါ်တွင် စီးနှင်းကြခြင်း ဖြစ်ပါသည်။
ပထမဆုံး စကိတ်စီးရေခဲလွှာ ကွင်းပြင်ကို ၁၈၇၆ တွင် အင်္ဂလန် နိုင်ငံ၊ ချယ်(လ)စီး တွင်တည်ဆောက်ခဲ့သည်။ အမည်မှာ “Glaciarium” ဖြစ်ပါသည်။
၁၉၁၄- တွင် John E. Strauss, ဆိုသူက ဘလိပ်ပြား (အောက်ခံသတ္တုပြား) များကို ပို၍ပေါ့ပါးအောင်၊ ခိုင်မာအောင် ဆောင်ရွက်ခဲ့သည်။
ကမ္ဘာပေါ်တွင် အကြီးမားဆုံးရေခဲစကိတ် ကွင်းကို ဂျပန်နိုင်ငံ၌ ၁၉၆၇- ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ အမည်မှာ Fujikyu Highland Promenade Rink ဟုခေါ်ပါသည်။ ဧရိယာ စတုရန်းပေ- ၁၆၅,၇၅၀ ရှိပါသည်။ ၃.၈ ဧက နှင့် ညီမျှသည်။
အရေးအသား၊ စာလုံးပေါင်း၊ အကြောင်းအရာ ဘာပဲမှားမှား ခွင့်လွှတ်ပါ။ Thanks.
စကင်ဒီနေဗီးယား မှ လူများသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ (ဘီစီ- ၁၀၀၀) ခန့်မှစ၍ ရေခဲပြင်စကိတ်ကို စတင်အသုံးပြုခဲ့ကြသည်။ အရိုးဖြင့်ပြုလုပ်စီမံထားပြီး ရေခဲပြင်ဖြစ်နေသော မြစ်များကို ဖြတ်၍ ခရီးသွားရန်အသုံးပြုခဲ့ပါသည်။
ကုန်းမြေပေါ်တွင် စီးနိုင်သော၊ ဘီးပါသော ပထမဆုံး စကိတ်ဖိနပ်ကို ဘယ်(လ)ဂျီယမ်မှ Joseph Merlin ကတီထွင်ပြီး၊ ၁၇၆၀ တွင်စီးပြခဲ့သည်။ ပို၍ကောင်းမွန်သော ဘီးစကိတ်များကို ၁၈၁၉ တွင် ပြင်သစ်မှ Petitbled ကတီထွင်ခဲ့သည် မူပိုင်မှတ်ပုံတင်ခဲ့သည်။

နော်ဝေးနိုင်ငံ Rodoy ဒေသရှိ ရှေးခေတ်လူသားများနေခဲ့သော ကျောက်ဂူများ၊
ကျောက်ဆောင်များ၏ နံရံများတွင် စကိတ်ဖိနပ်ပုံ (သို့မဟုတ်) ထိုသို့သုံးနိုင်မည်ဟု
ယုံကြည်ရသော ပုံများကို တွေ့ရှိရပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ကျော်က ဆွဲသားထားခဲ့ခြင်းဖြစ်ပါသည်။
ရှေးအကျဆုံး စကိတ်ဖိနပ်
အမည်- Kalvtraskskidan
ရှာဖွေတွေ့ရှိသည်နှစ်- ၁၉၂၄
နေရာ- Skelleftea, Sweden
ကာဗွန်သက်တမ်းတိုင်းတာမှု- ၃၂၀၀ ဘီစီ
Norway, Sweden, Finland, Russia တို့၌ နေထိုင်ကြသော Saami လူမျိုးများသည်
ရေခဲပြင်စကိတ်စီးခြင်းကို အရင်ဆုံး တီထွင်သုံးစွဲခဲ့မည်ဟု ယုံကြည်ကြသည်။
ဆွစ်ဇာလန် ရေအိုင်အောက်မှ တွေ့ရသော စကိတ်ဖိနပ်မှာ ခုနှစ်သက္ကရာဇ် သတ်မှတ် ခြင်း မရှိသေးပါ။ ပို၍ရှေးကျမည် ဟုယူဆထား ကြ.........

Sunday, July 29, 2012

အောင်မြင်ခြင်းတွက် ၃၃ ချက်..




၁။ နေ့စဉ်၁၀မိနစ် မှ၃၀မိနစ် အထိလမ်းလျှောက်ပါ။ လမ်းလျှောက် နေစဉ်အတွင်းသင့် မျက်နှာကိုအတပ် နိုင်ဆုံးပြုံးထားပါ။

၂။ဘယ်လောက်ပင်အလုပ်ရှုပ်နေပါစေရရင်ရသလောက်နေ့စဉ်(၇)နာရီပြည့်အောင်အိပ်ပါ။

၃။ E သုံးလုံးနှင့်အညီနေပါ။ (1) Energy (2) Enthusiasm(3)Empathy

၎။ Game တွေကစားပေးပါ။

၅။ မနေ့ကထက်ဒီနေ့မှာစာများများပိုဖတ်ပါ။

၆။တရားထိုင်ခြင်း၊ယောဂကျင့်ခြင်းစတာတွေအတွက်နေ့စဉ်အချိန်ပေးလုပ်ဆောင်ပါ။

၇။ နိုးနေတာထက်အိပ်မက်(စိတ်ကူး)များများမက်(ယဉ်)ပါ။

၈။ အသားများများစားတာထက်အသီးအရွက်များများစားပါ။

၉။ရေများများသောက်ပါ။

၁၀။တစ်နေ့မှာအနည်းဆုံးလူသုံးယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်ဖြစ်အောင်ပြုံးပြပါ။

၁၁။ အတင်းပြောခြင်းနဲ့အချိန်တွေမဖြုန်းမိပါစေနှင့်။

၁၂။အတိတ်ကအမှားတွေကိုအစပြန်မဖော်ပါနှင့်။လက်ရှိအနေအထားကစလို့ပျော်အောင်နေပစ်ပါ။

၁၃။သင်မလုပ်နိုင်ဘဲနှင့်အဆိုးဘက်ကမမြင်ပါနှင့်။အကောင်းဘက်မှသင်ကိုယ်တိုင်ဝင်ခံစားပေးပါ။

၁၄။မနက်မှာဘုရင်လိုစား၊နေ့လည်မှာမင်းသားလေးလိုစား၊ညမှာသူဖုန်းစားလိုစားပါ။

၁၅။လုပ်ငန်းခွင်ထဲမှာများများရယ်ပြီးများများပြုံးပါ။

၁၆။ဘ၀ဟာတိုတောင်းပါတယ်။အမုန်းတရားတွေနဲ့အချိန်မဖြုန်းပါနဲ့။မုန်းနေတာတွေရှိရင်ဆန့်ကျင်ဘက်လုပ်ကြည့်ပါ။

၁၇။အလုပ်တွေလုပ်တဲ့အခါအသည်းအသန်အပူတပြင်းမလုပ်ပါနဲ့။ခေါင်းအေးအေးထားပြီးအမှားကင်းအောင်လုပ်ပါ။

၁၈။အငြင်းအခုံတွေအတွက်တန်ဖိုးရှိတဲ့သင့်လေတွေမဖြုန်းပါနဲ့။နားလည်မှုအတတ်နိုင်ဆုံးပေးလိုက်ပါ။

၁၉။အတိတ်ကအဖြစ်အပျက်တွေအတွက်ငြိမ်းချမ်းရေးယူလိုက်ပါ။လက်ရှိအခြေအနေအတွက်အထောက်အကူရလာပါလိမ့်မည်။

၂၀။ သင့်ဘ၀ကိုတခြားတစ်ယောက်နှင့်မနှိုင်းယှဉ်ပါနှင့်။

၂၁။သင့်ဘ၀ကို ပျော်ရွှင်အောင်လုပ်နိုင်တာ သင့်အပြင်တခြားလူမရှိနိုင်ပါဘူးဆိုတာသိပါ။

၂၂။ အရာရာတိုင်းအတွက် လူတိုင်းကိုခွင့်လွှတ်တဲ့စိတ်နဲ့မြင်ကြည့်ပါ။

၂၃။အခြားသူတွေ သင့်ကိုဘယ်လိုထင်မြင်နေပါစေ။ မဟုတ်ရင်သင်ခံစားမနေပါနဲ့။

၂၄။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လိုအပ်တဲ့အချိန်တစ်ခုကို စောင့်ကြည့်ပါ။

၂၅။အသုံးမ၀င်တော့တဲ့ အရာတွေကိုဖယ်ရှားပစ်ပါ။ လှလှပပနှင့်ပျော်ရွှင်အောင်နေပါ။

၂၆။မနာလိုဝန်တိုခြင်းဆိုတာအချိန်ဖြုန်းတဲ့နည်းတစ်ခုပါ။ အမှန်တော့အရာအားလုံးကို သင်ပိုင်ဆိုင် ထားပြီးပြီ ဆိုတာသတိရပါ။

၂၇။ မကြာမီအကောင်းဆုံးတွေသင့်ထံရောက်လာတော့မယ်ဆိုတာသိပါ။


၂၈။ခံစားမှုတွေ များလို့မပြိုလဲ သွားပါနှင့်။ အမြန်ထ အမြန်ပြင်ဆင်ပြီး လန်းဆန်းတက်ကြွစွာနဲ့နေပြပါ။

၂၉။ သင်မှန်တယ် ထင်တာတွေတွေးပြီးလုပ်ပါ။

၃၀။ မကြာခနမိသားစုနှင့် ၀ိုင်းဖွဲ့ပြီးစကားပြောပါ။

၃၁။ သင့်ရဲ့အတွင်းစိတ်ကိုအမြဲ ပျော်ရွှင်အောင်ထားပါ။

၃၂။အလုပ်ထဲအတိုင်း အတာတစ်ခုအထိပဲအနစ်မွန်းခံပါ။

၃၃။သင်သိသမျှ ပတ်ဝန်းကျင်ကိုမျှဝေပါ။

မိုးချစ်သူ

from Fb!!

Saturday, July 28, 2012

ဇလုံတောင်



         ဇလုံတောင်သည် ဗန်းမောက်မြို့ အနောက်မြောက်ဖက်တွင် ရှိသော ကျောက်တောင်တစ်လုံးဖြစ်သည်။ ကျောက်တောင်၏ တည် ရှိနေပုံ ဆန်းကြယ်မှုနှင့် တည်ထားသော ဘုရားတို့ကြောင့် ထင်ရှား သည်။ ဓာတ်ပုံကို မြင်ရုံနှင့် လာချင်လာအောင် ဆွဲဆောင် မှုရှိသော ညှို့ဓာတ်ရှိသည်ဟု ခေါ်နိုင်သည့် တောင်တစ်လုံးဖြစ်သည်။


                                                     ဇလုံတောင် ဘုရား

         မြန်မာနိုင်ငံ အထက်ပိုင်း၌ ထူးကဲ့သော ဂုဏ် တန်ခိုး   တော်နှင့်   ပြည့်စုံသော ဇလုံတောင် စေတီတော်ကြီးမှာ မွန်ပြည်နယ်မှ ဆံတော် ရှင် ကျိုက်ထီးရိုး စေတီတော်ကြီးနှင့် ပမာတူစွာအံ့ဖွယ် ထူးခြားသော ဉာဏ် တန်ခိုးတော် တို့နှင့် ပြည့်စုံသော သမိုင်း ဝင်စေတီတော်ကြီး တစ်ဆူ ဖြစ်ပါသည်။ ပင်လယ်ရေ ပြင်ထက် အမြင့်ပေ (၃ဝ၉ဝ) အမြင့်ရှိသော သေလာ ပဗ္ဗက တောင်ထိပ်ပေါ်ဝယ် ထူးတင့်စွာ ဖူးမြော် ခွင့်ရသော ဇလုံတောင် စေတီတော်ကြီးမှာ သမိုင်း အခြေခံ တောင့်တင်းခဲ့သည်။ သမိုင်း အဖြစ်တော်စဉ် အရ မြတ်စွာဘုရားရှင် ဝါတော်(၂ဝ)အရ မဟာသက္ကရာဇ် (၁၂၃)ခုနှစ်၌ သိကြားမင်း ဖန်ဆင်းအပ်သော နတ်ပန်းရထားဖြင့် ရဟန္ဓာ (၅ဝဝ)ခြံရံပြီး ဧရာပထနတ် နဂါးသားအဖ လှူဒါန်းသော ဇလုံတောင်သို့ ကြွ ရောက်တော် မူခဲ့သည်။ ဤသို့သော မှတ်တမ်း မှတ်ရာများ၏ ဆင်း သက်မှုအရ သက္ကရာဇ်(၄၉၂) ခုနှစ်၌ အရှင်အရဟံနှင့် အရှင်အာစရ ဘွဲ့မည်ရသော ရဟန္တာ (၂)ပါး ဇလုံတောင်သို့ ကြွတော်မူပြီး တောင်၏အမြင့်ဆုံး ကျောက်စာတွင် ဖေါ်ပြထား သည်။
         မွန်ပြည်နယ်မှ တန်ခိုးကြီးလှသော ကျိုက်ထီးရိုး ဆံတော်ရှင်ကဲ့သို့ သဘာဝနှင့် တောတောင်ရေမြေ သာယာ လှပမှုများ ဆင်တူနေသော ဇလုံတောင်တော်မှာ စစ်ကိုင်းတိုင်း၊ကသာခရိုင်၊ ဗန်းမောက် မြို့နယ်တွင်တည်ရှိပြီး ဗန်း မောက်မှ (၁၂)မိုင်၊ (၂)ဖာလုံ ခန့်အကွာ တောမြိုင်လယ် တွင်တည်ရှိ၏။ နှစ်စဉ်ဆောင်းရာသီနှင့် နွေရာသီ ကာလတွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးတို့စုံညီစွာလာရောက်ဖူးမြော်ကြသည်။ ဗန်းမောက်မြို့မှ မြေသားကားလမ်း အတိုင်းကားဖြင့်သွားကြရသည်။ ကျွန်းပင်ကြီးများ အင်ပင်ကြီးများက အုံ့ဆိုင်းသာယာ၍ သဘာဝတောတောင်ရေမြေ၊ စိမ့်စမ်းရေတို့က ဝန်းကျင်အနှံ့ကြည်နူးဆွတ်ပျံ့စေ၏။ ဇလုံတောင်သို့ တက်ရာတောင်တက်လမ်း တစ်လျှောက်ဝယ် တယ်ပင်ပြန့်စခန်းမှာ ဘုရားဖူးတို့အဆင်းနှင့်အတက် နားခိုရာ ငြိမ်းချမ်းသော ရပ်ဝန်းတစ်ခုဖြစ်ပြီး နားခိုသူတို့အတွက် ရေချိုးစရာနှင့် အပန်းဖြေ စားသောက်စရာ စားသောက်ဆိုင် တန်းတွေလည်း စုံလင်လှ၏။ ထိုတယ်ပင်ပြန့်စခန်းတွင် တောင်ပေါ်သို့ တက်ရောက် လာကြသော ကားများ၏ အဆုံးအစခန်းလည်းဖြစ်ပေသည်။
         ဒေသန္တရဗဟုသုတကို လေ့လာရှာမှီးကြသော ဘုရားဖူးများမှာ တယ်ပင်ပြန့်မှ လူသွားကျောက်ခြပ်တို့အကြားမှ တောင်ထိပ်ပေါ်သို့ တက်ရောက်ကြရသည်။ ဇလုံ တောင် ဝန်းကျင်၌ ကမ္ဘာ့အံ့စရာတစ်ခုနှယ်မြင်တွေ့ကြရသော ကျောက်မဏ္ဍပ်ကြီး ကလည်း အံ့မခန်းစရာပင်။ ထိုကျောက်မဏ္ဍပ်၌ ရှေးပဝေသဏီနှစ်ပရိစ္ဆေဒကတည်းက ကျောက် ဖြစ်ရုပ်ကြွင်းများအဖြစ် မြင်တွေ့နေရဆဲဖြစ်သော ကျောက်ဆန်အိတ်ကြီး များကလည်း အံ့သြစရာကောင်းပါသည်။ အကျယ်အဝန်းကြီးမားလှသော ကျောက် မဏ္ဍပ်ကြီးပေါ်၌ စေတီငယ်များနှင့် ဗုဒ္ဓရုပ်ထုတော်တို့ကလည်း သပ္ပါယ်ကြည်ညိုစရာ ဖူးတွေ့ရသည်။ ဇလုံတောင်တည်ရှိရာ တောကြီးတောင်ကြီးထဲ၌ သဘာဝ၏ဆေးဖက်ဝင် တောဆေးတောမြစ်တို့ စုံလင်လှ၏။ တောရဆောက်တည်၍ တရားရှာမှီးကြသည့် ယောဂီသူတော်စင်နှင့် ရဟန်းတော်တို့ အနေအစားချို့တဲ့စွာနှင့် တပအကျင့်ကို ကျင့်ကြံ လျှက်ရှိကြသည်မှာ တောရ၏ စိတ္တဝိဝေကတစ်ခုဖြစ်သည်။
         ဇလုံတောင်၏ တောရဟေမဝါ စိမ့်ကြီးမြိုင်ကြီးများထဲ၌ သဘာဝ၏ လှပဆန်းပြားသော သစ်ခွပန်းမျိုးစုံတို့က တော၏ အလှကို တစ်မျိုးတစ်ဖုံ လှပကြည်နူးစေပါသည်။ ဇလုံတောင်သည် လှပမှုမျိုးစုံတို့နှင့် လာရောက်ကြသူများအား အမျိုးမျိုးအဖုံဖုံ ဆွဲဆောင် ထားနိုင်ခဲ့၏။ ပြည်တွင်းမှ လေ့လာရင်း ဒေသန္တရနှင့် ဗုဒ္ဓ၏တန်ခိုးတော် အောက်သို့ လာရောက်ခိုလှုံကြသူများအပြင် ကမ္ဘာတစ်ဝှမ်းမှ လာရောက်ကြမည့် ဧည့်သည်များ အတွက်ပါ ပန်းသတင်းကို လေညှင်းဆောင်သလို တစ်ဦးမှ တစ်ဦးဆီလမ်း ညွှန်သမှုပြု၍ လာချင်စဖွယ်ဖြစ်အောင် စွမ်းဆောင် အားထုတ်သွားကြဖို့ လိုအပ်လျှက် ရှိပါသည်။ ဇလုံတောင်သည် သာယာသည်၊ လှပသည်၊ အေးချမ်းသည်၊ သန့်ရှင်းသည်။ ကြည်နူးရသည်။ ဆန်းသစ်သည်၊ ရင်ခုန်ရသည်။ စိတ်ဓာတ်လန်းစွင့်သည်။ နက်နဲသော တောရ၏အလှ လျှိုမြှောင်ရရုံတို့၏ အံ့ဖွယ်ဆန်းပြားမှုနှင့် ပေါကြွယ်ဝသည်။ ကတူးနှင့် ရှမ်း၊ ကဏန်း တိုင်းရင်းသားတို့ အခြေချ နေထိုင်လျှက်ရှိသော ဗန်းမောက်မြို့နယ်မှာ သဘာဝက အစုလိုက်အပုံလိုက် ဖန်တီးပေးထားသော ပန်းစုံ တောကြီးနှင့် တောမြိုင်ကြီးကား လူပေါင်းများစွာ အတွက် စိတ်ဓာတ်ကို ညှို့ငင် ဖမ်းစားနိုင်စွမ်းသော ရတနာသိုက်ကြီးတစ်ခုသာ ဖြစ်ပါသည်။


ယဉ်ယဉ်သိန်း(နဘား)

Thursday, July 26, 2012

မြန်မာနိုင်ငံနှင့်တိုင်းရင်းသား၁၃၅မျိုး


မြန်မာနိုင်ငံနှင့်တိုင်းရင်းသား၁၃၅မျိုး
မြန်မာနိုင်ငံမှာ လက်ရှိအားဖြင့် တိုင်းရင်းသား(၁၃၅)မျိုးတို့ စုပေါင်းနေထိုင်ကြတယ်ဆိုပြီး စာနယ်ဇင်းတွေနဲ့ ရုပ်မြင်သံကြားတွေမှာ မကြာခဏ ဖော်ပြနေတာကို တွေ့နေရတာ ကြာပါပြီ။
ဒီနေရာမှာ မြန်မာနိုင်ငံသားလို့ မဆိုဘဲ တိုင်းရင်းသားဆိုတဲ့ အသုံးအနှုန်းဟာ ထူးခြားနေပါတယ်။မြန်မာပြည်မှာနေထိုင်ကြတဲ့သူတွေကို မြန်မာနိုင်ငံသား၊မြန်မာတိုင်းရင်းသားလို့ခွဲခြား ဖြစ်သွားပြီး အခွင့်အရေးတန်းတူ မပေးနိုင်ဘူးဆိုတဲ့ သဘောထားမျိုးတွေ ဖြစ်လာစေပါတယ်။
မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူ ဆိုပြီး ခွဲခြားဖော်ပြ
ထားတာဟာ လေ့လာရမယ့် အပိုင်းဖြစ်ပါလိမ့်မယ်။
တိုင်းရင်းသား(၁၃၅)မျိုးဆိုတာ မှန်သလား၊မှားသလားဆိုတဲ့အပေါ် ပညာရှင်တွေကအများပြည်သူတွေ သိရှိနားလည်အောင် စနစ်တကျ လေ့လာဆန်းစစ် တင်ပြတဲ့ စာတမ်းတွေပြည်တွင်းမှာ ထုတ်ငေဖြန့်ချီတာ မတွေ့မမြင်ရသလို ၊ဒီလူမျိုး(၁၃၅)မျိုးစလုံး အရေအတွက် ဘယ်လောက်ရှိတယ်၊ ဘယ်ဒေသမှာ နေထိုင်ကြတယ်၊တမျိုးနဲ့တမျိုး ထုံးလမ်းစဉ်လာတွေ၊ ဝတ်စားဆင်ယင်ပုံတွေ၊
ဘာသာစကားနဲ့၊ကိုးကွယ်ယုံကြည်မှုတွေ ဘယ်လိုတူညီကြတယ်၊ဘယ်လိုကွဲပြားခြားနားမှုတွေရှိနေတယ်ဆိုတဲ့ စာအုပ်စာတမ်းတွေနဲ့ ထုတ်ပြန်တင်ပြချက်တွေကို မကြားမိရပါဘူး။စာတမ်းဖတ်ပွဲတွေလုပ်တာလည်း မကြားမိပါဘူး။ နိုင်ငံတော်က ကြီးမှူးကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားတွေမှာတောင် တိုင်းရင်းသား(၁၃၅)မျိုးစလုံးရဲ့ဝတ်စားဆင်ယင်ပုံနဲ့ အကပဒေသာတွေကို လုံးဝမမြင် တွေ့ရပါဘူး။အဓိက လူမျိုးစုကြီးတွေဖြစ်တဲ့ ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်း လူမျိုးတွေရဲ့ဝတ်စားဆင်ယင်ပုံနဲ့ အကပဒေသာ တွေကိုသာတွေ့ရပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အုပ်ချုပ်စဉ်(၂၆)နှစ်တာကာလအတွင်း (၁၉၇၃နဲ့၁၉၈၃)တွေမှာ တပြည်လုံးအနှံ သန်းကောင်
စာရင်း ကောက်ယူခဲ့ပါတယ်။ဒီမှာလည်း တိုင်းရင်းသား(၁၃၅)မျိုးနဲ့ သူ့တို့ရဲ့ လူဦးရေ ဘယ်လောက်ရှိတယ် ဆိုတာ ထုတ်ပြန်ခဲ့ခြင်း
မတွေ့ခဲ့ရပါဘူး။ မဆလခေတ် ပြဌာန်းခဲ့တဲ့ ကျောင်းသုံးစာအုပ်တွေမှာလည်း မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား (၁၃၅)မျိုးလို့ ဖော်ပြတာ
မတွေ့ရပဲ အဓိက ကိုယ်စားပြုတဲ့ လူမျိုးစုကြီးတွေနဲ့ သူတို့ကမှ တဆင့် ကွဲထွက်လာတဲ့ လူမျိုးစုအုပ်စုငယ်တွေ အကြောင်းကိုသာသင်ကြား ခဲ့ရပါတယ်။ ဖဆပလခေတ်တလျှောက်မှာလည်းပဲတိုင်းရင်းသား(၁၃၅)ဆိုတာလုံးဝမတွေ့ခဲ့ရပါဘူး။ဒီထက်ရှေးပိုမိုကျတဲ့အင်္ဂလိပ်ကိုလိုနီ ခေတ်မှာ (၁၉၃၁)ခု သန်းကောင်စာရင်းကောက်တော့ လူဦးရေနဲ့အတူ ပြောတဲ့ဘာသာစကားအလိုက် ခွဲခြားဖော်ပြလာတာကို တွေ့လာရ ပါတယ်။တရုတ်၊အိန္ဒိယဘာသာစကားတွေအပါအဝင် ဘာသာစကား(၁၃၅)မျိုးကို ဇယားချပြီး (၁၉၁၁,၁၉၂၁,၁၉၃၁)နှစ်အလိုက် ပြောဆိုသူ အရေအတွက် အတိုးအလျော့ကို ယှဉ်ပြထားပါတယ်။(၁၃၅)မျိုးသော ဘာသာစကားမှာတရုတ်နဲ့အိန္ဒိယဘာသာစကားတွေ ပါနေတယ်ဆိုတာ သတိပြုရပါမယ်။ဒီဘာသာစကား(၁၃၅)မျိုးဟာ (၁၉၃၁)သန်းကောင်စာရင်းကောက်ယူစဉ်မြန်မာပြည်တွင်းမှာ သုံးစွဲနေတဲ့ ဘာသာစကား တွေရဲ့ အရေအတွက် ဖြစ်နေပြီး လူမျိုးတွေလို့ ယူဆလို့ရပါတယ်။
ဒီထက်ရှေးပိုမိုကျတဲ့ ကုန်းဘောင်ခေတ်၊အင်းဝခေတ်၊တောင်ငူခေတ်၊စစ်ကိုင်းပင်းယခေတ်မှသည် ပုဂံခေတ်အထိ ခြေရာ ကောက် ကြည့် တော့လည်း လက်ရှိလူမျိုးအုပ်စုကြီးတွေဖြစ်တဲ့ မြန်မာ၊မွန်၊ကရင်၊ချင်း၊ရှမ်း၊ရခိုင်၊ကချင်တွေ အကြောင်းကိုသာ အများဆုံးတွေ့ရ ပါတယ်။ပုဂံကျေက်စာတွေမှာရေးထိုးထားတာကကဒူး၊ဂျွန်း၊တောင်သူ၊ပျူ၊ယော၊လဝ၊သက်လူမျိုးတင်မက ကုလား၊တရုတ်(စိန့်)၊တရက်(မွန်ဂို) တွေအကြောင်း တွေ့ရပါတယ်။အလောင်းမင်းတရား လက်ထက်က နာမည်ကြီးခဲ့တဲ့ ကုဏ္ဏအိမ်ရဲ့ ကွေ့ရှမ်းလူမျိုးတွေဟာလက်ရှိ(၁၃၅) မျိုးထဲက ရှမ်း(၃၃)မျိုးထဲမှာတောင် ကွေ့ရှမ်းလူမျိုးအနေနဲ့ မတွေ့ရတော့ပါဘူး။နာမည်တမျိုးပြောင်းပြီး မှတ်တမ်းတင် ထားတာတွေ့ရ ပါတယ်။
၂၀၀၅ခုနှစ် စက်တင်ဘာလထုတ် စတိုင်သစ်မဂ္ဂဇင်းပါ စောလူရဲ့ မြန်မာနိုင်ငံဘာသာစကားမြေပုံခေါင်းစဉ် နဲ့ရေးသားဖော်ပြထားတဲ့ ဆောင်းပါးကို အကျဉ်းချုပ်ဖော်ပြရရင်-
မြန်မာနိုင်ငံကိုအင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက်ပိုင်း(၁၈၇၂)မှာမြန်မာနိုင်ငံအောက်ပိုင်းကိုအိန္ဒိယသန်းခေါင်စာရင်းထဲထည့်ပြီးကောက်တယ်။(၁၈၈၁)မှာ တခါထပ်ကောက်တယ်။(၁၉၁၁)သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ပြောဆိုနေတဲ့ ဘာသာစကားပေါင်း(၆၅)မျိုးတွေ့နေရတော့ ဘာသာစကားစူးစမ်းရေး လုပ်ဖို့ ခွင့်ပြုချက်ချတယ်။(၁၉၁၇)ရှေ့ပြေးလေ့လာရာမှာ ဘာသာစကား(၁၇၇)မျိုးအထိ တွေ့လာရတဲ့အပြင် ဘာသာစကားအုပ်စုသစ် လေးခုထပ်တွေ့ရတယ်။ဒါတွေက တိဘက်အုပ်စု၊မြောက်အာသံအုပ်စု၊အာအုပ်စုနဲ့တရုပ်အုပ်စုတွေဖြစ်တယ်။ ၁၉၃၁သန်းကောင်စာရင်းအရမြန်မာနိုင်ငံတွင်းပြောဆိုနေတဲ့ဘာသာစကားတွေကိုဗမာ၊လိုလိုမူဆို၊ကုကီးချင်း၊နာဂ၊ကချင်၊သက်၊မစ်ရှမီ၊မြို၊တိုင်၊မလေး၊မွန်၊ပလောင်၊ကရင်၊မင် ဆိုပြီး အုပ်စု(၁၅)ခွဲထားကာ တရုတ်စကား၊အိန္ဒိယစကား၊ဥရောပစကားနဲ့ အခြားဘာသာစကားပြောဆိုသူတွေ အကြောင်းဆွေးနွေးထားတယ်။ဗမာဘာသာစကားအုပ်စုမှာဗမာအပါအဝင်ရခိုင်၊ထားဝယ်၊ယောစသည်ဖြင့်(၁၆)မျိုးပြထားတယ်။တရုတ်၊အိန္ဒိယနဲ့ဥရောပဘာသာစကား အပါအဝင် ဘာသာစကား(၁၃၅)မျိုးကို ဇယားကွက်နဲ့ နှစ်အလိုက် ပြောဆိုသူ အရေအတွက် အတိုးအလျော့ကို ဖော်ပြထားပါတယ်။၁၉၃၁-ခုက ပြုစုခဲ့တဲ့ မြန်မာနိုင်ငံ ဘာသာစကားမြေပုံကို ယနေ့အချိန်ထိအောင် အသစ်ထပ်မဆွဲနိုင်သေးပဲအဟောင်းကိုပဲ မှီငြမ်းပြုသုံးနေကြဆဲ ဖြစ်ပါတယ်။ဒီ(၁၃၅)မျိုးဟာလည်း ဒေသိယစကားတွေကို သီးခြားဘာသာစကားအဖြစ် ကောက်ယူ ဖော်ပြထားတာမို့ ဘာသာစကားအရေအတွက် (၁၃၅)မျိုးမရှိနိုင်ပါဘူး။လက်ရှိသုံးစွဲနေတဲ့ ဘာသာစကား အရေအတွက်ဟာ (၁၃၅)မျိုး ပြောသူပြော၊(၁၁၁)မျိုးလို့ဆိုသူကဆို၊(၁၀၉)မျိုးလို့ တင်ပြသူကတင်ပြနဲ့ အတိအကျ တရားဝင်စာရင်းထွက်မလာသေးပါဘူး။
မြန်မာစကားမှာ လူမျိုးတရာ့တပါးဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ဒါဟာလည်းမြန်မာပြည်တွင်းရှိ လူမျိုးတွေကို ဆိုလိုတာမဟုတ်ဘဲ ကမ္ဘာပေါ်ရှိလူမျိုးတွေကို ဆိုလိုတာပါ။ ဒီဆိုလိုချက်ကိုလည်း ဘယ်ခေတ်၊ဘယ်အခါက မှတ်တမ်းစတင်ခဲ့လည်းဆိုတာကိုလည်း အစရှာဖို့ ခက်ပါတယ်။လူမျိုးတရာ့တပါးမှာ