Thursday, August 9, 2012

ကြောင်လည် ရွာ

         လမ်းမှားပြီး ကျွန်တော့် ကိုယ်ပိုင်diary blog  ထဲကိုရောက်လာကြတဲ့ရောင်းရင်းတွေ ကြောင်လည်သား ဆို လို့ ဘာနာမည်ကြီး လဲ လို့ ထင်နေကြမှာစိုး လို့ ရေးထားလိုက်ပါဦးမယ်.......။
 
         ကြောင်လည်ရွာ လေးဟာ  ရှမ်းနီလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာ တစ်ရွာသာဖြစ်ပါတယ်...။ တစ်ရွာ လုံးရှမ်း စကားဘဲ ပြောကြပါတယ်...။ ရွာ က အသက်မွေးဝမ်း ကြေင်း အတွက် လယ်ယာ လုပ် ငန်းတစ်ခုထဲ ကို ဘဲ တနိုင်တပိုင်လုပ်ဆောင်ကြပါတယ်.....။


         ကြောင်လည် ရွာ ရဲ့ အနောက်ဖက်မှာတော့ ဗန်းမောက် မြို့ နယ်ထဲ မှာ နာမည်ကြီး နေတဲ့ ရွှေထွက် တဲ့ အရပ်  ဒေသအခေါ် (ရွှေတော်) ရှိပါတယ်....။ရွာသူရွာသားတွေ ဟာ...လယ်ယာ လုပ်ပြီး ပြီ ဆိုတာနဲ့ တောထဲ ၀င်ပြီးတော့ ယောကျာ်းတွေဆို ရင် ကျင်းသား ၀င်လုပ် အမျိုးသမီးတွေ ဆိုရင် လဲ ရွှေကျင်းထောင်ထားတဲ့ ဆီမှ ထမင်းဟင်းချက် အလုပ်တွေ ၀င်လုပ်ကြနဲ့ အလုပ်တွေ အဆင်ပြေကြ ပါတယ်။။။ ရွာလေး  ရဲ့ မြောက်ဖက်မှာဆိုရင် ဘုန်းတော်ကြီးကျောင်း နဲ့ သီလရှင်ကျောင်း ရှိပါတယ် ...အဲ့ ကနေ ပြီးတော့ ဆက်သွားလိုက်ရင် လယ်ကွင်းတွေ၇ဲ့ အလယ်မှာ ဆိုရင် လောကမာန်အောင် စေတီတော် မြတ်ကြီးတည် ထား ကိုးကွယ်ထားပါတယ်....။အဖိုးအဖွားတွေ ပြောပုံ အရ ဆိုရင် ကြောင်လည်ဆိုတဲ့ နာမည်တောင် စေတီတော်ကြီး ကို အစွဲပြုပြီးခေါ်ရင်းနဲ့ ပေါ်လာတာလို့ ပြောကြပါတယ်....... ဘာလို့ လဲ ဆိုတော့ စေတီတော်ကြီး ကို အထဲမှာ ရှောင်လည် ရှောင်ပတ် သဘောမျိုး လိုင်ခေါင်းလုပ်ထားတာ ကို ခေါ်ဆိုရင်းနဲ့ ရှမ်းသံ ကနေ ဗမာသံ ကောက်လိုက်တဲ့အချိန်မှာ ကြောင်လည်ဆိုပြီ တွင်လာတယ်လို့ ပြောကြပါတယ်..။ရွာရဲ့ အရှေ့ဘက်မှာဆိုရင် တိုက်နယ်ဆေးရုံတစ်ရုံရှိပါတယ် ။ကျွန်တော်တို့ နယ်အတွက်ကျမ်းမာရေး စောင့်ေ၇ှာက်မူပေးတဲ့ ဆေးရုံကြီး ပါ။။။။ရွာရဲ့ အရှေ့ဆုံး ရွာဝင်ဝင်ချင်း မှာတော့ အတက်တန်းကျောင်ခွဲ တစ်ကျောင်း ရှိပါတယ်.......။ရွာက ကလေးတွေ ပညာရည် တိုးတက်ဖို့ အတွက် တော်တော်အရေးပါတဲ့ ကျောင်းကြီးပါ.....။ငယ်ငယ်တုန်းကဆို ကျွန်တော့်သူငယ်ချင်းတွေ ဟာ ၄ တန်းအောင်၅တန်းအောင် နဲ့ ကျောင်းတွေထွက်ကြတာ ရှိပါတယ်.။
ပညာရေးကိုအလေးမထားကြတာပါ....။ခုနောက်ပိုင်း ညီလေး ၊ညီမလေးတွေ လက်ထက်ကျတော့ မိ ဘာတွေ ကလဲ အသိပညာတွေ ရှိလာ ၊ ရွာမှာလဲ အ၊ထ၊က ကျောင်းကြီးက လဲ ရှိတော့ တော်တော်အဆင်ပြေပါပြီ... ။ကြိုးစားကြဖို့ ဘဲ လိုပါတော့တယ်..။ ကြောင်လည်ရွာလေး ဟာ ၇ွာအင်္ဂါရပ်နဲ့ ပြည့်စုံပြီး တော်တော်သာယာလှပ လှပါတယ်.....။


          စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊မန်လူ ကျေး၇ွာအုပ်စု၊ ကြောင်လည်ရွာ။။။   ဆိုပြီး အမည်ပေါက်တဲ့ ၇ွာလေးကို (  မန္တလေး-မြစ်ကြီးနား မီးရထား စီးပြီး အင်းတော် ဘူတာမှာ ဆင်းရတယ်လေ..ပြီးတော့ အင်းတော်ကနေ ဗန်းမောက်မြို့ ကို လိုင်းကားနဲ့ ဆက်စီး ရတယ်လေ...ဗန်းမောက် ရောက်ရင် တော့ ကြောင်လည်ရောက်ဖို့တော်တော်နီးလာပြီလေ ရွာနဲ့ ၂၁မိုင် လောက် ဘဲ ရှိတော့တာ...း)  ရွာရောက်ဖို့ ကတော့ အဆင်ပြေရနဲ့ ပေါ့ )လာ ရောက်ဖို့ ခက်ခဲ ပေမဲ့ ရောက်ဖူးသူတိုင်း စိတ်၇ွှင်လန်း ပြီး ပျော်ရွှင်မူတွေ ရ ရှိမှာကတော့ အေကန်မုချ ပါဘဲ...:)  :)  :)   :)

ကြောင်လည်သား

1 comment: