Friday, February 10, 2012

Happy Valentine For နှင်းဆီပွင့် တို့ရဲ့ သင်္ကေတ

ချစ်သူများနေ့ နီးလာတော့ ကိုယ့်ရဲ့ ချစ်သူ ကောင်မလေးတွေဆီ သို့မဟုတ် ကောင်လေးတွေဆီကို ချောကလက်တို့ ပန်းစည်းတို့ ပေးတတ်ကြပါတယ်. ချစ်သူများနေ့မှာ ပန်းစည်းတွေ ပေးကြတဲ့ အခါမှာ နှင်းဆီပွင့်လေး တွေကို ပေးတတ်ကြပါတယ်။ အဲဒီလို ပေးတဲ့အခါ မှာ နှင်းဆီပွင့် ဘယ်နှစ်ပွင့် ပေးလဲ ဆိုတဲ့ အပေါ် မှာ မူတည်ပြီး တော့ နှင်းဆီပွင့် တွေ ရဲ့အနက် အဓိပ္ပာယ် လေး တွေကို ဖွင့်တတ်ကြပါတယ်။ နှင်းဆီ တစ်ပွင့် စီ ရဲ့ အဓိပ္ပာယ် ဖော်ဆောင်မှု လေး တွေကို ရှာဖွေပြီးတော့ စာဖတ်သူ သူငယ်ချင်းများသို့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

နှင်းဆီ ၁ ပွင့် ………….ရင်ထဲမှာ မင်းပဲရှိတယ် 

နှင်းဆီ ၂ ပွင့်……………ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း

နှင်းဆီ ၃ ပွင့်……………မင်းကို ငါချစ်တယ်
နှင်းဆီ ၄ ပွင့်……………သေတောင်မခွဲဘူး
နှင်းဆီ ၅ ပွင့်……………တန်ဖိုးထားမြတ်နိုး
တယ်
နှင်းဆီ ၆ ပွင့်……………တစ်ယောက်ကို တစ်ယောယက် လေးစားချစ်ခင် ခွင့်လွှတ်တယ်
နှင်းဆီ ၇ ပွင့်……………မင်းကို တိတ်တခိုးလေး ချစ်နေမယ်
နှင်းဆီ ၈ ပွင့်……………မင်းရဲ့ ကြင်နာမှုနဲ့ အားပေးမှု ကို ကျေးဇူးတင်တယ်
နှင်းဆီ ၉ ပွင့်……………အမြဲတမ်း
နှင်းဆီ ၁၀ ပွင့်………….အပြစ်ကင်းစင်သော ချစ်သူ
နှင်းဆီ ၁၁ ပွင့်………….မင်းတစ်ယောက်တည်းကိုပဲ ဂရုစိုက်တယ်
နှင်းဆီ ၁၂ ပွင့်………….တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်
နှင်းဆီ ၁၃ ပွင့်………….သူငယ်ချင်းအချစ်
နှင်းဆီ ၁၄ ပွင့်………….ဂုဏ်ယူပါတယ်
နှင်းဆီ ၁၅ ပွင့် ………....I’M SORRY! ငါ့ကိုခွင့်လွှတ်ပေးနိုင်မလား
နှင်းဆီ ၁၆ ပွင့်………….မတည်ငြိမ်သော အချစ်
နှင်းဆီ ၁၇ ပွင့်………….ပြန်မရနိုင်တော့တဲ့ အချစ်
နှင်းဆီ ၁၈ ပွင့်………….ရိုးသားပွင့်လင်းခြင်
နှင်းဆီ ၁၉ ပွင့်…………မျှော်လင့်စောင့်စားခြင်း
နှင်းဆီ ၂၀ ပွင့် ………...ငါ့မှာ ရိုးသားတဲ့ အချစ်တစ်ခုတည်း ရှိပါတယ်
နှင်းဆီ ၂၁ ပွင့်………….ရိုးသားတဲ့ အချစ်
နှင်းဆီ ၂၂ ပွင့်………….မင်းကံကောင်းပါစေ
နှင်းဆီ ၂၅ ပွင့်………….မင်း ပျော်ရွှင်ပါစေ
နှင်းဆီ ၃၀ ပွင့်…………..ဖူးစာကို ယုံတယ်
နှင်းဆီ ၃၆ ပွင့် ……….....Romantic
နှင်းဆီ ၅၀ ပွင့်…………...မမျှော်လင့်ပဲ တွေ့ကြတယ်
နှင်းဆီ ၉၉ ပွင့်…………...Forever!
နှင်းဆီ ၁၀၀ ပွင့်………….၁၀၀% အချစ်
နှင်းဆီ ၁၀၁ ပွင့်…………..အရမ်း….အရမ်း…..ချစ်
နှင်းဆီ ၁၀၈ ပွင့် ……….....လက်ထပ်ခွင့်ပေးပါ
နှင်းဆီ ၁၁၁ ပွင့်…………...အဆုံးမဲ့အချစ်
နှင်းဆီ ၁၄၄ ပွင့်…………...နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကို ချစ်တယ်
နှင်းဆီ ၃၆၅ ပွင့်………...…နေ့တိုင်းလွမ်းတယ်
နှင်းဆီ ၉၉၉ ပွင့် ……….....မချုပ်ငြိမ်းတဲ့ အချစ်၊ အမြဲတမ်း ထာဝရ
နှင်းဆီ ၁၀၀၁ ပွင့်………….သက်ဆုံးထိတိုင် အချစ်မိုးတွေ သည်းနိုင်ကြပါစေ 
လရိပ်အိမ်  ကရှယ်လာတာလေ....


အပျိုစင်တို့ သိ့သင့်သမျှ

 ဒီပို့(စ်)လေးကထပ်ဆင့်မျှဝေထားတာပါ ။ မူရင်းတင်ထားတဲ့ ဆိုက်ကိုမရောက်ဘဲ ကြောင်လည်သား ဆိုက်လေးကို မျက်စိလည် လမ်းမှားပြီး ရောက်လာတဲ့ အပျိုစင် မမ၊ ညီမလေး တွေ အတွက် သိသင့်တယ်ထင်လို့ပါ...( online ပေါ်မှာလား )က ကျွန်တော် အဆစ်ထည့်ထားတာ၊ ကျွန်တော် ကူးလာ တဲ့ဆိုက်ကတော့ဒီမှာဗျို့ မမ၊ညီမလေးတွေ အချိန်ရရင် သွားလည် လိုက်ပါဦး.....
------------------------------------------




            အရွယ်ရောက်လာတာနဲ့ ချစ်သူတွေ့မယ်၊ ချစ်မယ်၊ ညားမယ်၊ ငယ်နုစဉ်မှာ တွေ့ရ ကြုံရ ရင်ဆိုင်ရမှာဟာ ဘ၀တသက်
တာအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်ဆိုတာ မမေ့လေနဲ့။


သေချာတာကတော့ ကိုယ်တွေ့ရမယ့် ချစ်သူဟာ ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ကပဲ ဖြစ်ပါမယ်။ ဈေးထဲမှာ ဈေး
ရောင်းနေသူဟာ ဆိုင်နားနီးချင်း ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သူတွေ့ရမယ့် သူဟာ ဈေးဝယ်လာတဲ့သူ ဖြစ်မှာပေါ့၊ အရပ်ထဲ
မှာ အိမ်မှာပဲနေသူဟာလည်း အရပ်ထဲက အချင်းချင်းပဲ တွေ့ကြမှာပေါ့၊ ဆေးတက္ကသိုလ်တက်နေ တော့လဲ ဆေး
တက္ကသိုလ် တက်နေသူချင်း တွေ့ပြီး ဒေါက်တာ မောင်..........နှင့် ဒေါက်တာ မ.........တို့၏ မင်္ဂလာဧည့်ခံပွဲ ဆိုတာ
မျိုး ဖြစ်တာပေါ့။


ကိုယ်ကျင်လည်ထိတွေ့နေတဲ့ ဝန်းကျင်နဲ့ ကင်းကွာတဲ့ ဖူးစာဖက်ဆိုတာကတော့ နဖူးစာ ရွာလည်လို့ တွေ့ဆုံပုံ ထူးမှ
ရကြတာပါ။ ခရီးထွက်ရင်း တွေ့တာမျိုး၊ ပွဲလမ်းသဘင်မှာ ဆုံတာမျိုး၊ ပခုံးချင်းတိုက်မိလို့ ညားတာမျိုး၊ ရှိတော့ ရှိတယ်
ရှားတယ်ဆိုတဲ့ ဖြစ်ရပ်မျိုးတွေပေါ့။ စဉ်းစားကြည့်ပါ ဆံဖြူ သွားကြွေ၊ ပါးရေ နားရေ တွန့်သော်မှ မြေးမြစ်တွေ ထိန်း
ရင်း ပြုံးပျော်နိုင်ကြဖို့ အတွက် ရွေးရမယ့်လက်တွဲဖော်ကို ဘယ်လိုနေရာက ရှာမှာလဲ၊ ကိုယ့်ဘဝလက်တွဲဖော်ရှာမယ့်
နေရာဟာ ဘယ်လိုအသိဉာဏ်နှင့် ဘယ်လိုလူတွေ လာမယ့်နေရာလဲ၊ နေရာတွေကို ပထမ စဉ်းစားကြည့်ပါ။


စားသောက်ဆိုင်မှာလား
ကာရာအိုကေမှာလား
ကွန်ပျူတာ သင်တန်းမှာလား
စီမံခန့်ခွဲမှု၊ စီးပွားရေး သင်တန်းမှာလား
ရုံးမှာလား
ပွဲရုံမှာလား
စတိုးဆိုင်မှာလား
ကိုယ့်အရပ်ထဲကပဲလား
ဟိုတယ်မှာလား
ကုမ္ပဏီမှာလား
online ပေါ်မှာလား


ဆက်ဖတ်ရန်

အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်သော ယောက်ျားများအကြောင်း

၁။   မြင်မြင်ရာအကုန်ဖိုက်လို့ ( A ) ကိုက်နေတဲ့ ယောက်ျား။
၂။   ယမကာဆိုအားလုံးကြိုက် ( B ) ယာဗိုက်နဲ့ ယောက်ျား။
၃။   အနေအစားကမရှောင် ( C ) ပိုးကောင်တွေများတဲ့ယောက်ျား။
၎။   ပျိုပျိုမေမှန်သမျှကို ချစ်တယ် ချစ်တယ်နဲ့ အဲ့ ( D ) စကားပဲပြောလေ့ရှိတဲ့ ယောက်ျား။
၅။   လူရှေ့သူရှေ့မရှောင် ( E ) တပူပူ ပေါက်တဲ့ ယောက်ျား။
၆။   မူးလာရင်အရစ်ရှည် ပြောသမျှစကားတိုင်း ( F ) ကြောင်းထပ်တဲ့ ယောက်ျား။
၇။   လစာက နှစ်ပဲတစ်ပြား စားတိုင်း သောက်တိုင်း ( G ) ကျတဲ့ ယောက်ျား။
၈။   ညညဆို အင်မတန်ဆိုး သိုးနေအောင် ( H ) တဲ့ယောက်ျား။
၉။   ( I ) တွေ့တိုင်း ခြေဆေးတတ်တဲ့ ယောက်ျား။
၁၀။ အစားအသောက်ဆို အလွန်ဂျီးများ ( J ) ဒိုးနပ်ဆိုင် နေ့တိုင်းသွားတဲ့ ယောက်ျား။
၁၁။ မျက်နှာက သရဲရုပ် ပန့် ( K ) ခုတ်တဲ့ ယောက်ျား။
၁၂။ ကိုယ်လုံးက ခပ်သွယ်သွယ် ဟိုဒင်းက ( L ) စတုံကြီးတဲ့ ယောက်ျား (ဒေါသ)။
၁၃။ အရက်သောက်ရင် အတောမသတ် ( M ) ဖတ်ဆို့လေ့ရှိတဲ့ ယောက်ျား။
၁၄။ လူတကာကို ပြဿနာရှာ နေရာတကာ ( N ) တရာယ်များတဲ့ ယောက်ျား။
၁၅။ လူကတော့ သနားကမား အဖိုး ( O ) ရုပ်နဲ့ ယောက်ျား။
၁၆။ အလုပ်လုပ်တိုင်း ယောင်ဝါးဝါး တစ်ခုမှ မ ( P ) ပြင်တဲ့ ယောက်ျား။
၁၇။ မိန်းမကြီးကို အိမ်မှာထား အွန်လိုင်းတက်ပြီး ( Q ) တဲ့ယောက်ျား။
၁၈။ အပြောနဲ့အလုပ်ကမကိုက် ( R ) ရိုက်တဲ့ ယောက်ျား။
၁၉။ ""မ"" ဆိုရင် အကုန်လာထား ( S ) စစ် အတု မခွဲခြားတဲ့ ယောက်ျား။
၂၀။ ယောက်ျားစိတ်နဲ့ မကိုက်ညီ ( T ) တီတာတာ ပြောတဲ့ယောက်ျား။
၂၁။ လူမှုရေးလည်း အလေးမထား ရသမျှ ( U ) မယ်ဆိုတဲ့ ယောက်ျား။
၂၂။ အချိန်ရှိတိုင်း အလှပြင် ( V ) ဒီယိုမင်းသား အိုင်တင်ဖမ်းတဲ့ ယောက်ျား။
၂၃။ ညနေတိုင်းဇိမ်ယူ ( W ) ကစ်တဲ့ယောက်ျား။
၂၄။ သူ့သဘောကျ ထင်တိုင်းကဲ ည ( X ) ချိန်နဲတဲ့ ယောက်ျား။
၂၅။ ယင်းထလာရင်မွှေကာနှောက် မိန်းမသောက်တဲ့ ( Y ) ပုလင်းပါ ချန်မထားတဲ့ယောက်ျား။
၂၆။ အရက်မူးရင်အလွန်ဆိုး ( Z ) ကျိုးပြီး အိမ်ပြန်တဲ့ ယောက်ျား။
၂၇။ ကိုယ့်မိန်းမကို မသနား ( Z ) ကြောလေး ဆွဲပေးပါဆိုတဲ့ ယောက်ျား။
၂၈။ ချစ်သူဘ၀ကိုမသနား ( Y ) ယာလက်စံနစ် သုံးတဲ့ယောက်ျား။
၂၉။ ( X ) ယာဝင်တိုင်း စိတ်ညစ်ရ ဖလန်း ဖလန်းထနေတဲ့ ယောက်ျား။
၃၀။ ခါးစောင်းပြီး လက်ပြင်ကိုင်း ( W ) လို နှစ်ကော့တစ်ကုံးနဲ့ ယောက်ျား။
၃၁။ မိန်းမကိုအနားမှာထား ( V ) ဒီယိုဆို ဟိုကားမှ ရွေးကြည့်တဲ့ ယောက်ျား (သရဲကား)။
၃၂။ ပိုကာဖဲလိုသဘောထား ( U ) ပြီးရင် ပစ်တတ်တဲ့ ယောက်ျား။
၃၃။ တင်၊ ရင်၊ ခါး တစ်ဖြောင့်တည်းအလား ( T ) ကောင်ကိုယ်လုံးနဲ့ ယောက်ျား။
၃၄။ ဘက်ထရီလုပ်ငန်းလုပ်ကိုင်စား ( S ) စစ်ကြောင့် အသက်တိုမယ့်ယောက်ျား။
၃၅။ ကေတီဗွီ နေ့တိုင်းသွား ( R ) ပြဲသံနဲ့ ဟစ်တဲ့ ယောက်ျား။
၃၆။ ယောက္ခမအမျိုးတွေသတိထား (Q) ပင်ခုတ် ကြူငုတ်ပါမထားဘူးဆိုတဲ့ ယောက်ျား။
၃၇။ စကားလုံးက ခပ်ထွားထွား မြိုင်ရာဇာ တွတ် ( P ) လို အကြွားသန်တဲ့ ယောက်ျား။
၃၈။ ဘာသာရေးကိုအလေးမထား (O) ဇာတာ ဆိုးမယ့်ယောက်ျား။
၃၉။ တူမနဲ့တင်အတောမသတ် ( N ) တီကိုပါ ရန်ရှာမယ့် ယောက်ျား။
၄၀။ လူနေခြုံကြား၊ စိတ်နေဘုံဖျား တကယ်ကို (M) မကျတဲ့ ယောက်ျား။
၄၁။ အသံက ပြာတာတာ ( L ) ကိုင်ရာ သီချင်းတွေကို ဆိုတဲ့ယောက်ျား။
၄၂။ နေရာတကာမှာဗိုလ်လုပ် ( K ) သရာဇာရုပ်နဲ့ ယောက်ျား။
၄၃။ ခလေးမဟုတ် သူငယ်မဟုတ် ( J ) ကဒ်စုပ်တဲ့ ယောက်ျား။
၄၄။ အလုပ်ကဆိုက္ကားသမား မင်းသား ( I ) တင်ဖမ်းတဲ့ ယောက်ျား။
၄၅။ တစ်နေကုန် ပွေကာရှုပ် (H) တန်းပြန် မိုးချုပ်တဲ့ ယောက်ျား။
၄၆။ တစ်ကြိမ်လည်းမက၊ နှစ်ကြိမ်လည်းမရ... အင်မတန် (G) ကျတဲ့ယောက်ျား။
၄၇။ ရုပ်ပြ ခြူစား ( F ) ace Book သုံးတဲ့ ယောက်ျား။
၄၈။ လက်သည်းတွေ အရှည်ထား ( E ) mo လုပ်တဲ့ ယောက်ျား။
၄၉။ သူလုပ်တိုင်းအမြဲမှား (D) တစ်ခါတည်းပါလို့ ပြောတဲ့ယောက်ျား။
၅၀။ ( C ) DMA ဖုန်းကိုခါးမှာထား စော်တွေ့တိုင်း ချိတ်တဲ့ ယောက်ျား။
၅၁။ အသားက ၀ါတာတာ ( B ) ပိုးပါတဲ့ ယောက်ျား။
၅၂။ ရူပါက ခပ်မိုက်မိုက် (A) ဒင်ဥယျာဉ်မှူး ဂိုက်နဲ့ ယောက်ျား။


လူသားအားလုံးအတွက်    ဆိုတဲ့ဆိုက်လေးကနေ ယူထားတာပါ..!

နေပြည်တော် နှင့် ရန်ကုန် သုံးနာရီ ကြာမည့် အမြန် ရထားလမ်း စီမံကိန်း ဆောင်ရွက်မည်


နေပြည်တော် နှင့် ရန်ကုန် ခရီးကို သုံးနာရီသာ ပြေးဆွဲ ရမည့် အမြန် ရထားလမ်း စီမံကိန်းကို စတင် တော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။ ယင်း ရထားလမ်းကို တရုတ် နိုင်ငံ နှင့် ပူးပေါင်း တည်ဆောက်မည် ဖြစ်၍ လမ်းမိုင် အရှည်မှာ ၂၂၆ မိုင်ခန့် ရှိမည် ဖြစ်ကြောင်း သိရသည်။ ယင်း ရထား လမ်းသည် ရန်ကုန်မှ ပျဉ်းမနား ရေဆင်း အကျော် ထိဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ပြီးစီးရန် ရည်ရွယ် ထားပြီး ရန်ကုန် - နေပြည်တော်ကို သုံးနာရီ ခရီး ကြာမြင့်မည် ဖြစ်သည်။


ဆက်ဖတ်ရန်

Thursday, February 9, 2012

နိုင်ငံအသီးသီးမှ အမျိုးသမီးစစ်သည်တော်များ...


ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ရှိတဲ့ တပ်မတော်တွေမှာ အမျိုးသမီးတွေ ရဲ့ အခန်းကဏ္ဏ ဟာ လဲ ရှော့တွက်လို့မရပါဘူး...။အမျိုးသမီးတွေဟာ ယောက်ျားလေးတွေ ရင်ဘောင်တန်းပြီး မိမိတိုင်းပြည်၊ မိမိလူမျိုးအတွက် ကာကွယ်ရေး တာဝန်တွေ ထမ်းဆောင်နေကြတာတွေ့ရပါတယ်....။ အောက်က ပုံလေးတွေ ကြည့်လိုက်ပါဦး.....!!!

  ..
   

ပုံတွေ ကျန်သေးတယ်နော်

ကမ္ဘာ့တစ်လွှားက ထူးထူးဆန်းဆန်း အိမ်ရာမဲ့ လူတွေ ပါ..