လွန်ခဲ့သော
နှစ်ပေါင်း ၅၀၀၀ (ဘီစီ- ၃၀၀၀ ခန့်က အသုံးပြုခဲ့သော) ရှေးအကျဆုံး
ရေခဲပြင်သုံး စကိတ်ဖိနပ် တစ်စုံကို ဆွစ်ဇာလန်နိုင်ငံ ရေအိုင်တစ်ခု၏
အောက်ခြေမှ ရှာဖွေ တွေ့ရှိခဲ့သည်။ ယင်းတို့ကို ကြီးမားသော
တိရစ္ဆာန်တစ်ကောင်၏ ခြေထောက်အရိုးကို အသုံးပြု၍ ပြုလုပ် ထားသည်
ဟုပညာရှင်များ အတည်ပြုခဲ့ကြသည်။ အရိုး၏ အစွန်းနှစ်ဖက်ကို အပေါက်
များဖောက်၍ သားရေပြားကို ချည်နှောင်ပြီး စကိတ်အဖြစ် သုံးခဲ့ကြသည်။ အခေါ်အဝေါ်
မှာ ရှေးဟောင်းဒိန်းမတ် ဘာသာစကားဖြစ်သော “schenkel” မှဆင်းသက် လာပြီး
ခြေထောက်အရိုးဟု အဓိပ္ပာယ်ရပါသည်။
၁၄- ရာစုဝန်းကျင်၌ ဒတ်(ချ) လူမျိုးတို့သည် သစ်သားပြား၏ အောက်တွင် ပါးလွှာသော သံပြားကိုပိုးပြီးစကိတ် အဖြစ်တီထွင်သုံးစွဲခဲ့သည်။ အေဒီ- ၁၅၀၀ တွင် သေးငယ်ရှည်လျား နှစ်ဖက်ချွန် သတ္တုပြားကို ယင်းအောက်တွင် ပူးတွဲလိုက်သောအခါ စီးသူသည် မိမိ ခြေအားကို သုံး၍ စကိတ်ကိုလျှောအောင်လုပ်နိုင်ခဲ့သည်။ ထိုအရာကို “Dutch Roll” ဟုခေါ်ပါသည်။

ယင်းတို့အားလုံးမှာ သဘာဝရေခဲလွှာများပေါ်တွင် စီးနှင်းကြခြင်း ဖြစ်ပါသည်။
ပထမဆုံး စကိတ်စီးရေခဲလွှာ ကွင်းပြင်ကို ၁၈၇၆ တွင် အင်္ဂလန် နိုင်ငံ၊ ချယ်(လ)စီး တွင်တည်ဆောက်ခဲ့သည်။ အမည်မှာ “Glaciarium” ဖြစ်ပါသည်။
၁၉၁၄- တွင် John E. Strauss, ဆိုသူက ဘလိပ်ပြား (အောက်ခံသတ္တုပြား) များကို ပို၍ပေါ့ပါးအောင်၊ ခိုင်မာအောင် ဆောင်ရွက်ခဲ့သည်။
ကမ္ဘာပေါ်တွင် အကြီးမားဆုံးရေခဲစကိတ် ကွင်းကို ဂျပန်နိုင်ငံ၌ ၁၉၆၇- ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ အမည်မှာ Fujikyu Highland Promenade Rink ဟုခေါ်ပါသည်။ ဧရိယာ စတုရန်းပေ- ၁၆၅,၇၅၀ ရှိပါသည်။ ၃.၈ ဧက နှင့် ညီမျှသည်။
အရေးအသား၊ စာလုံးပေါင်း၊ အကြောင်းအရာ ဘာပဲမှားမှား ခွင့်လွှတ်ပါ။ Thanks.
စကင်ဒီနေဗီးယား
မှ လူများသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ (ဘီစီ- ၁၀၀၀) ခန့်မှစ၍
ရေခဲပြင်စကိတ်ကို စတင်အသုံးပြုခဲ့ကြသည်။ အရိုးဖြင့်ပြုလုပ်စီမံထားပြီး
ရေခဲပြင်ဖြစ်နေသော မြစ်များကို ဖြတ်၍ ခရီးသွားရန်အသုံးပြုခဲ့ပါသည်။
ကုန်းမြေပေါ်တွင် စီးနိုင်သော၊ ဘီးပါသော ပထမဆုံး စကိတ်ဖိနပ်ကို ဘယ်(လ)ဂျီယမ်မှ Joseph Merlin ကတီထွင်ပြီး၊ ၁၇၆၀ တွင်စီးပြခဲ့သည်။ ပို၍ကောင်းမွန်သော ဘီးစကိတ်များကို ၁၈၁၉ တွင် ပြင်သစ်မှ Petitbled ကတီထွင်ခဲ့သည် မူပိုင်မှတ်ပုံတင်ခဲ့သည်။

နော်ဝေးနိုင်ငံ Rodoy ဒေသရှိ ရှေးခေတ်လူသားများနေခဲ့သော ကျောက်ဂူများ၊
ကျောက်ဆောင်များ၏ နံရံများတွင် စကိတ်ဖိနပ်ပုံ (သို့မဟုတ်) ထိုသို့သုံးနိုင်မည်ဟု
ယုံကြည်ရသော ပုံများကို တွေ့ရှိရပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ကျော်က ဆွဲသားထားခဲ့ခြင်းဖြစ်ပါသည်။
ရှေးအကျဆုံး စကိတ်ဖိနပ်
အမည်- Kalvtraskskidan
ရှာဖွေတွေ့ရှိသည်နှစ်- ၁၉၂၄
နေရာ- Skelleftea, Sweden
ကာဗွန်သက်တမ်းတိုင်းတာမှု- ၃၂၀၀ ဘီစီ
Norway, Sweden, Finland, Russia တို့၌ နေထိုင်ကြသော Saami လူမျိုးများသည်
ရေခဲပြင်စကိတ်စီးခြင်းကို အရင်ဆုံး တီထွင်သုံးစွဲခဲ့မည်ဟု ယုံကြည်ကြသည်။

ဆွစ်ဇာလန် ရေအိုင်အောက်မှ တွေ့ရသော စကိတ်ဖိနပ်မှာ ခုနှစ်သက္ကရာဇ် သတ်မှတ် ခြင်း မရှိသေးပါ။ ပို၍ရှေးကျမည် ဟုယူဆထား ကြ.........
No comments:
Post a Comment