Monday, March 5, 2012

ဖတ်ကြည့်လိုက် ခိုက်သွားမယ်...!!

အချစ်တခုကိုဖန်ဆင်းဖို့  နာရီတွေ ၊မိနစ်တွေနဲ့  ကံကြမ္မာတွေ လိုအပ်ပါသလား။ကွဲကွဲပြားပြား မသိ
ခင်မှာပဲ နှလုံးသားနေရာတခုမှာ မ ဆိုတဲ့ စကားလုံးကအလိုလိုတွယ်ချိန်မိသွားပြီလေ။ချစ်ပါတယ်ဆိုတဲ့ 
စကားတခွန်း ကို ပြောဖို့  တကယ်ဆိုမောင် လက်တွ န့် နေခဲ့ ရပါတယ်မရယ်။ဘာလို့ လဲဆိုတဲ့ စကားတခွန်း
နောက်ကွယ်က ဖြေရှင်းချက်တွေမှာ မ ငြိုညင်သွားမှာလောက် သေလောက်အောင်ကြောက်တာမရှိတော့
ဘူး ။

အချစ်ဆိုတာ တကယ်တော့  မောင့် ဘ၀မှာ ထာဝရကိုယ်ကွယ်ခွင့် ရမယ်လို့ မထင်ထားမိတာကြာ
ခဲ့ ပါပြီ မရယ်။ ပြည့် စုံခြင်းကင်းတဲ့  ဘ၀ငယ်လေးထဲမှာ ဟန်ဆောင်မှု့ ကင်းကင်းနဲ့  ဖြူဖြူစင်စင် ချစ် ခွင့် ရ
ဖို့  မောင် အလို ရှိတယ်ဆို၇င် မ ဘယ်လို တွေးထင်နေမလဲ ။မောင် အရမ်းသိချင်နေမိတယ်။မသာမောင့် 
ဘ၀ ရဲ့ လမ်းပြကြယ်ပေါ့။ မ အပြုံးလေးတွေနဲ့  မ စကားသံကြားမှာ မောင် ဘယ်လို မှ ရုန်းထွက်ဖို့ မှမ
ဖြစ်နိုင်ခဲ့ တာ။အဲဒီအချိန်မှာပဲ အချစ်ဆိုတာ ကို ကိုးကွယ်ဖို့  မြားနတ်မောင် ရဲ့ ပစ်ခွင်းသံအောက်မှာ
မောင် နှလုံးသားတွေ ကျရှုံးခဲ့ ရတယ်လေ။

တခါတလေ ချစ်သူရဲ့ ကဗျာ ဆန်ဆန်ခေါ်သံလေးက ရင်ထဲကိုအေးလို့ ပေါ့။အိပ်ပုတ်လေးတဲ့ လေ။
ချစ်သူမရှိတဲ့  အချိန်မှာ သတင်းစာဖတ်ရင်းနဲ့  စာသင်နှစ်ကို ကုန်လွန်လာခဲ့တာ (၁)နှစ်ဆိုတဲ့  အချိန်ကာ
လလေးကိုတောင် ကျော်လွန်လာတော့မယ်။တဖြည်းဖြည်းနဲ့  ချစ်လာခဲ့ ကျတာ နားလည်မှု့ ဆိုတာလည်း
အတော်အသင့် တော့  ရှိလာခဲ့ ပြီးပြီးမို့  ရွေးချယ်ခွင့် ဆိုတာ မ လက်ထက်မှာပါလို့ တခါတလေမှာ ချစ်သူ
ကြားအောင် ပြောပြချင်နေမိတယ်။

သတင်းကို မဖတ်ရရင် မနေနိုင်တဲ့  ကျနော်က တခါတလေ မှာ အိပ်ယာထကနောက်ကျရော။မ
နက်မိုးလင်းလို့  တွေ့ ဖို့  အချိန်ရောက်လို့  ကျနော်မနိုး၇င် နှုတ်ခမ်းလေးစူပြီး ရန်တွေ့ တက်ပြန်တယ်လေ။
ပြောထားရက်နဲ့  ဆိုတဲ့  စကားလုံးအောက်မှာ မျက်လုံးလေးပေကပေကလပ်နဲ့ ပေါ့။တွေ့ ပါများတော့ မနက်
ဆို ချစ်သူမနိုးလည်း နိုးတက်နေပြီပေါ့။နားလည်မှု့ ပေးတယ်ဆိုတဲ့  စကားလုံးက တကယ်ဆို မ ဆိုတဲ့ 
ကောင်မလေးတယောက်ကသာ ဒီကမ္ဘာပေါ်မှာ အသုံးပြုခွင့်  မူပိုင်ရသင့် တယ်လို့ တောင် ထင်နေမိ
တယ်လေ။နေရာတွေဝေးတော့  စိုး၇ိမ်မှု့ တွေနဲ့  ကျနော်စိတ်ဆိုးရင် ချစ်သူလေးမှာ အကြောက်အကန်နဲ့ 
ပေါ့။

တခါတလေ ပဲ ဟင်းစားမှာလား မေး ရင် ဟင်အင့် ဆိုပြီး ငြင်းသေးတယ်လေ။ကဲကြည့် ပါဦး။ဘယ်
လောက်တောင်များ အသဲယားဖို့ ကောင်းပါသလဲနော်။စစ်သားတယောက်ရဲ့ ချစ်သူက ပဲ ဟင်းမစားချင်ဘူး
တဲ့ လေ။နေနှင့် ဦး ပြန်ရောက်မှ ချက်ကျွေးဦးမယ်လို့ တော့  တွေးကြည့် မိဖူးသားလား။ကျနော်ကပဲ အနိုင်ယူ
တက်တာလား ချစ်သူကပဲ အရှုံးပေးတက်တာလားဆိုတာမသိသေးခင်မှာပဲခွင့် လွတ်မှု့ ဆိုတဲ့ စကားလုံးကို
ကျနော်တို့  ကြားမှာ စွဲစွဲမြဲမြဲသုံးတက်နေကျပြီလေ။ အလုပ်တဘက်နဲ့  ချစ်သူလေးမို့  တခါတလေမှာ ကျ
နော် ထက်တော့  ပင်ပန်းရှာတယ်။မိုးလင်းမိုးချူပ် အလုပ်လုပ်ပြီးပြန်လာ။ပြီးတော့  ကျနော်ကို လာ
တွေ့ ပေါ့။ဒီလိုမျိုးဖြတ်သန်းခဲ့ ပေမဲ့  ပင်ပန်းတယ် မောင်ရယ်လို့ တောင် မငြီးညူပြခဲ့ ဘူး။ဘယ်လောက်
တောင် အလိုက်သိတက်တဲ့  ချစ်သူလဲနော်။

ကျနော်အပေါ် နားလည်မှု့  အရှိဆုံးနဲ့  အချစ်ဆုံး မိန်းမသား က ဒီကမ္ဘာပေါ်မှာ မေမေပြီးရင် ချစ်သူ
လေးပေါ့။တခါတလေ ချစ်သူနဲ့ တွေ့ တဲ့ အချိန် ညကအရှိန်နဲ့  အိပ်ချင်စိတ်ကမပျယ်သေးဘူးလေ။မောင်
အိပ်ချင်နေတယ် ထင်တယ် ဆိုတဲ့  စကာလုံးလေးသုံးပြီး ရှောင်ထွက်သွားတက်တဲ့ သူပေါ့။အရမ်းချစ်ဖို့ 
ကောင်းတဲ့  ချစ်သူလေးပါနော်။ဘယ်လောက်တောင် ချစ်လဲ ဆို၇င် ကျနော် ဓါတ်ပုံလေးတွေကိုတောင်
ပရင့် ထုတ်ပြီး အမှတ်တရ သိမ်းထားတက်တဲ့ ချစ်သူလေးလေ။

မ ဟာ သိပ်ပြီးနူးညံ့တဲ့ မိန်းမတစ်ယောက် ဆိုတာကို ကျနော် ကပဲ မသိခဲ့တာလား၊ အချစ်ဆိုတဲ့ အရာကပဲ မ ကို နူးညံ့စေသလားကျနော် မဝေခွဲတတ်ပါဘူး။ ဒါပေမယ့် နူးညံ့သိမ်မွေ့လွန်းတဲ့ မ ရဲ့ စကားလုံးလေးတွေကိုတော့ကျနော် မလွန်ဆန်နိုင်ခဲ့တာ အမှန်ပါပဲ။စစ်သားဆန်ဆန် အ၀တ်အစားဝတ်တာ
က အစ ချူပ်ချယ်မိတော့  တခါတလေ စိတ်ပျက်သွားမလားတောင် စိုးရိမ်မိတာအမှန်ပါ။မ ၇ယ်.....မိန်းမ
ဆိုတာ မိန်းမဆန်နေရင် မောင့် အတွက်လုံလောက်ပါပြီလို့  တခါတလေ မှာ ပြောချင်သားလား။ဘယ်
လိုနေ ၊ဘယ်လိုထိုင် ဆိုတဲ့  စကားလုံးတွေနဲ့  မ ကပဲကျင့် သားရနေလို့ လား ။နောက်ဆို ကျနော်ကို ဘာ
လုပ်မယ်ဆိုတာ ကအစ ပြောဆိုတိုင်ပင်ပြီး လုပ်တာတွေ့ တော့  ကျနော် အချစ်တွေက ပိုပိုပြီးတိုးချစ်မိ
တော့ တာပေါ့။

မ ရဲ့ ကြင်နာခြင်း၊ ယုယခြင်း၊ ချစ်ခြင်းတွေက ကျနော်ဆီကို အိပ်မက်တစ်ခုလို ရောက်ရှိခဲ့သလိုပဲ အိပ်မက်တစ်ခုလို ပျောက်ကွယ်သွားမှာကို ကျနော်သိပ်ကြောက်နေပါတယ်။မ ကို အသက်ထက်ပိုပြီး ချစ်လာရတဲ့အခါ ကျနော် ရဲ့ စိတ်အာရုံအစုစုဟာ မ အလိုကျပဲပေါ့။ အဲ့ဒီလို ချစ်မိတဲ့အတွက်လည်း မ အနားမှာ တစ်ဖ၀ါးမခွာ အေးအတူပူအမျှ တစ်သက်လုံးလက်တွဲသွားဖို့ကျနော်ဆုံးဖြတ်လိုက်တယ်။ မ သာ ကျနော့်ရဲ့ဘ၀။ မ သာ ကျနော့်ရဲ့အနာဂတ်၊ မ သာ ကျနော့်ရဲ့ အသည်းနှလုံးပေါ့...။

အချစ်ဆိုတာ မထင်မှတ်တဲ့အချိန်၊ မရည်ရွယ်ထားတဲ့ နေရာမှာ ကြိုတင်ကြံစည်ထားခြင်း မရှိပါပဲနဲ့ ရုတ်တရက် ဖျတ်ခနဲ ဖြစ်သွားတတ်တာမျိုးပဲလား။ ကျနော်ဘာမှ မသိခဲ့ပါဘူး။ ဘာဆိုဘာမှ မသိခဲ့တာပါ။ ကျနော် သိလိုက်တဲ့ အချိန်မှာတော့ ကျနော်ရင်ထဲမှာ၊ ကျနော့်နှလုံးသားထဲမှာ၊ကျနော့် ရဲ့ အသွေးအသားထဲမှာ "မ" ဆိုတာ ရောက်ရှိနေခဲ့ပြီလေ။ ကျနော့်ရဲ့ မသိစိတ်ကို ကျနော် သိလိုက်တဲ့ အချိန်မှာကျနော်နဲ့ မ ရင်ခုန်သံတွေ ထပ်တူကျခဲ့ပြီးပါပြီ။မ ဆိုတဲ့ မိန်းကလေးတယောက်အပေါ်မှာကျနော် စွဲလမ်းစွာ ချစ်ခဲ့မိပြီးပြီးလေ။

မ ကို ချစ်ခဲ့ကတည်းက တစ်နေ့ကျရင် ဝေးသွားရင်လည်း ဝေးသွားနိုင်တယ်လို့ ကျနော်တွေးခဲ့ပေမယ့် တစ်နေ့ထက်တစ်နေ့ ကျနော့်မ ကို ပိုချစ်မိတဲ့အခါ မဝေးချင်တော့ဘူး။မ ကိုကျနော် အနားမှာပဲ ထားချင်တယ်။ မ ပြုမူ လှုပ်ရှားနေသမျှကို ကျနော်ကြည့်နေချင်တယ်။မနဲ့ စကားမပြောဖြစ်ခဲ့ရင်တောင် မ ရဲ့ အသက်ရှူသံကို ကျနော်ကြားနေချင်တယ်။ ကျနော်စိတ်တွေ ဘယ်လိုဖြစ်သွားရပြီလဲ တကယ်ကို မသိခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျနော့်အနားမှာ မ ရှိနေချိန်မှာ မ ပျာ်နေမယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်။ မ က သိပ်ကို ဖြူစင်လွန်းတယ်။ ချစ်သူလိုလည်း ချစ်ရသလို ကလေးလေး တစ်ယောက်လိုလည်း ကျနော် ဂရုဏာနဲ့ ချစ်မိတဲ့အခါ ကျနော်နှလုံးသား တစ်ခုလုံး ၂၄နာရီ လှည့်ပတ်နေတဲ့ သွေးတွေဟာ မ့ ကို ချစ်တဲ့ အချစ်တွေ၊ ကျနော့်ရဲ့ ဦးနှောက်ထဲက အသိစိတ်တွေဟာလည်း မ ကိုချစ်တဲ့ အချစ်တွေ၊ ကျနော့်ရဲ့ တစ်နေ့တာအတွက် လုပ်ဆောင်သမျှ၊ လျှောက်လှမ်းနေသမျှ ခြေလှမ်းတိုင်းဟာလည်းမ ကိုချစ်တဲ့ အချစ်တွေချည်းပါပဲ မ ရယ်။မ ကို ကျနော် ပြောမပြတတ်အောင် ချစ်ပါတယ်...။

ကျနော်ရဲ့ စိုး၇ိမ်မှု့ တွေ ထဲမှာ သံသယထားတက်မှု့ တွေ အနိုင်ယူတက်လို့ လား မသိဘူး.။တခုခုဆို
မ က ဖြေရှင်းပြီးသားဖြစ်နေပြန်တယ်လေ။ကျနော်က မ ထက် ငယ်တယ်ဆိုတိုင်း အနိုင်ယူချင်မိတာများ
လား မသိဘူးနော်။ဖြစ်နိုင်ပါတယ်နော်။ မ ရဲ့ ၇င်ခွင်ထဲမှာ ကလေးတယောက်လို့  နေဖို့  ကျနော် တောင်း
တ မိနေတာများလား။မ နဲ့  လက်ထပ်ပြီးရင် မ နောက်ကနေ တကောက်ကောက်လိုက်မယ်ဆိုတော့ 
မ က ရီနေပြန်တယ်လေ။မ အိမ်သာသွားလည်း လိုက်မယ်ဆိုတော့  မ ၇ဲ့ ၇ီသံကြားမှာ ကျနော်တို့ 
ကမ္ဘာလေးက ပျော်စရာလေးအတိနဲ့ ပေါ့။

မ ကို ခေါင်းလျော်ပေးမယ်။ခေါင်းကို ခြောက်အောင်သုပ်ပေးမယ်။သနပ်ခါးကို ခြေဆုံးခေါင်းဆုံးလိမ်း
ပေးမယ်။ မနက်အိပ်ယာထရင် မ ကို အကြင်နာပေးပြီးမှ ထမယ်။မ ကို လက်သည်းညပ်ပေးမယ်။ခြေသဲ
ညပ်ပေးမယ်ဆိုတော့  ကလေးတယောက်ပြောတဲ့ စကားလိုပဲ မ ကပြုံးပြီးကြည့် နေပြန်သတဲ့ လေ။ပြီး
တော့  ချစ်သူက တခွန်းတည်းရယ်။ တကယ်နော် တဲ့ ။သိပ်မငြင်းရှာဘူးချစ်သူလေးကတော့ လေ။

ဆံနွယ်ရှည်ကို မှ မြတ်နိုးတက်တဲ့  ကျနော် အတွက် မ ခင်မျာ ဆံပင်ကို အရှည်ထားရပြန်တယ်လေ။
မ ရေ .....ဆံပင်လေးရှေ့ ကို ချပြပါဆိုတော့  ချစ်သူလေးက ပြရရှာသေးတယ်။ဒီလိုအပြုအမူတွေက မ
အတွက် ကလေးဆန်နေမလား နော်။ဘာပဲပြောပြော သိပ်ချစ်မိတယ် မ ရယ်။တကယ်တော့  ကျနော်ချစ်
သူလေးနဲ့  ကျနော့်က အတော်များများ စိတ်ချင်းတိုက်ဆိုင်ကျသူတွေလေ။တခါတလေ ချစ်တဲ့ ဆိုတဲ့ စကား
ကို ပြိုင်ပြီးပြောတက်ကျသေးတယ်။တော်တော်များများ နိုင်တဲ့  အခါ မ ကအနိုင်ပေးသလိုနဲ့  ရီပြပြန်
သေးတယ်လေ။ဘယ်လောက်အသဲယားဖို့ ကောင်းလိုက်သလဲနော်။သူ့ ဟာသူ မနိုင်တာကို အင်းပါ ပိုပေး
ပါတယ်လို့ ကပြောတက်သေးတယ်လေ။ကျနော် ဒီအသက်အရွယ်ထိ ရုပ်ရှင်မကြည့် ဖူးသေးဘူးဆိုတော့ 
ချစ်သူက ရီတယ်လေ။မဖြစ်နိုင်ပါဘူးတဲ့ လေ။ကလေးတယောက်လို ဘု၇ားတွေ နဲ့ ကြိမ်တော့ မှ မောင်
၇ယ် တော်ပါတော့  ယုံပါပြီ။မကြိမ်ပါတော့နဲ့ ဆိုပဲ။

တကယ်ဆို ကျနော့်က မ ရဲ့ ချစ်ဦးသူမဟုတ်ခဲ့ ဘူးလေ။အသက်အရွယ်ကွာခြားမှု့ အရ လက်သင့် ခံ
နိုင်ပေမဲ့  လက်ရှိကာလနောက်ပိုင်းမှာတော့  ကျနော်၇ဲ့ သ၀န်တိုမှု့ တွေကို မ နားလည်ပေးနိုင်ပါစေလို့ 
ပဲ ဆုတောင်းမိတာပေါ့။သေချာပါတယ် ။ကျနော် အကြင်နာပေးမဲ့  မ ပါးပြင်လေးမှာ တစိမ်းတယောက်ရဲ့ 
အရင်ဦးဆုံး ဆိုတဲ့  အသိစိတ်နဲ့ တင် ကျနော်ငိုခဲ့ ရပေါင်းများပြီ။စိတ်ထဲကဘယ်လိုတင်းထားထား ကျလာ
တဲ့  မျက်ရည် စကို တော့  ကျနော် ရှောင်တိမ်းနိုင်ခြင်းမရှိခဲ့ ဘူးလေ။

မနားထဲကနေ ဖြတ်ပြီး နှလုံးသားထဲထိရောက်ဖို့တော့ ကျနော်သတ္တိမွေးနေဆဲပါ။စကားလေးတခွန်း
ထဲပါပဲ မ၇ယ် .........။အချစ်ဦး မဟုတ်တောင် အချစ်ဆုံးဖြစ်ချင်နေမိတယ်ဆိုတာကိုပေါ့။

ဂီတာအိုတောင် ပျိုရွယ်နေဆဲ တေးသံနဲ့ သီချင်းအသစ်ဖြစ်သေးရင် အကြင်နာဆိုတာ ဒီတစ်ယောက်နဲ့ပဲ ပြီးသင့်သလား....တဲ့။

အကြင်နာဆိုတာ ဒီတစ်ယောက်နဲ့ပဲ အဆုံးသတ်ရမယ်လို့တော့ ဘယ်သူကမှ ဥပဒေမထုတ်ထားပေမယ့် ကျနော့် ရဲ့ အချစ်တွေကိုတော့ မ တစ်ယောက်တည်း ဆီမှာပဲ အဆုံးသတ်သွားချင်တယ်လေ။ကျနော့် ရဲ့ 
ပထမဆုံး ဘ၀လေးကို ပထမဆုံးအချစ်နဲ့ ချစ်မိတဲ့  ချစ်သူလေးရင်ခွင်မှာ နားခိုချင်နေမိတာတော့ အမှန်ပဲ။
ကျနော်ရဲ့  လုပ်ကိုင်ရတဲ့  ပတ်ဝန်းကျင်မှာ ချစ်သူတယောက်ပျော်ရွင်ပါ့ မလားဆိုတာ အချိန်တိုင်းတွေးနေ
မိတဲ့  အရာတခုပေါ့။မောင် ရယ် ပြန်သာလာခဲ့  ။အထုပ်လေး နဲ့ လိုက်မယ်လို့  ချစ်သူပြောတော့  အလိုလို
တော့ ပျော်နေမိသားလား။မ ကြားဖူး၇ဲ့ လား ။မောင်တခုပြောပြမယ်နော်။

တကယ်တော့ လောကကြီးရဲ့ သဘာဝတရားတွေဟာ ညီမျှပါတယ် မ ရယ်။ ကိုယ့်ရဲ့အတ္တကိုသာ ရှေ့တန်းတင်တဲ့ ယောက်ျားတွေရှိသလို ယောက်ျားတစ်ယောက်ကို ချစ်မိတဲ့အခါ အတ္တမာနတွေကို ချိုးနှိမ်ပြီး ချစ်သူ၊လင်ယောက်ျားအလိုကျ ကျိုးနွံစွာ နေနိုင်မယ့် မိန်းမတွေလည်းရှိတယ်လေ။ သိပ်တော်တဲ့ ယောက်ျားတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ဟာ သူ့ရဲ့နောက်မှာရှိတဲ့ သိပ်ပြီးထက်မြက်တဲ့ မိန်းမတစ်ယောက်ဆိုရင် အဲ့ဒီမိန်းမရဲ့ လျှို့ဝှက်ချက်ဟာလည်း ကိုယ့်ကိုယ်ကို ဘာမှမသိမတတ်တဲ့ တုံးတုံးအအမိန်းမတစ်ယောက်လို နှိမ့်ချထားနိုင်မှုပါပဲ တဲ့ ။

မောင့် ကို ချစ်ပြီးတဲ့  နောက်ပိုင်းမှာရော မ ရဲ့ ထက်မြတ်မှု့ တချို့ ကို မောင်အသိအမှတ်ပြုပေမဲ့  မောင်နေ
ထိုင်တဲ့  ပတ်ဝန်းကျင်မှာ မ နေနိုင် ပါ့ မလားတွေး၇င်း.................
အိပ်မက်ဆိုတာ နိုးတစ်ဝက် အိပ်တစ်ဝက် စိတ်ဂယောက်ဂယက် အချိန်မှာ ကိုယ့်စိတ်က စွဲလမ်းရာကို ပြန်ပြီးမြင်ယောင်တတ်တဲ့ တစ်ခန်းရပ် ပြဇာတ်ဆန်ဆန် ဇာတ်လမ်းလေးတစ်ခုတဲ့။ ဘယ်လို အရာမျိုးကို အိပ်မက်မက်မလဲဆိုတာလည်း ကြိုမသိနိုင်ဘူးလေ။ တကယ်ကြုံတွေ့နေရတာ မဟုတ်ပေမယ့်လည်း ပျော်စရာ အိပ်မက်လေးတွေဆိုရင် ဆက်မက်ချင်တတ်ပြီး ထိတ်လန့်စရာ အိပ်မက်တွေကိုတော့ ယောင်ပြီးတော့တောင် မမက်ချင်ကြဖူး။ ဒါဟာသဘာဝပဲလေ။ မောင် ကရော... မောင် လည်း ပျော်စရာအိပ်မက်တွေကိုသာ ဆက်မက်ချင်တဲ့ သူပဲပေါ့ကွယ်...။

ဟိုစပ်ဒီစပ် ဟို ခြစ်ဒီခြစ် (မင်းသန့် ) 
အကိုကြီးတစ်ယောက် ရဲ့အရေးအသားလေးကြိုက်လို့ fb က ယူထားတာ....!

No comments:

Post a Comment