Friday, February 17, 2012

မေဒေးလှိုင်



ငါပြောပြချင်လိုက်တာ
ငါ့ရင်ထဲမှာ ..
ငါ့ရင်ထဲမှာလေ …
လွမ်းလှပါတဲ့
ငါ့ရင်ထဲက ထောင့်ဖြတ်မျဉ်းကလေးရယ်
(၁၈) ရာသီတိုင်တိုင်
ငါ့ခံစားချက်တွေကို သတ်ခဲ့တဲ့ ငါလက်နဲ့ပါ။
ချစ်သော
ကျောင်းသွားဖော် ကောင်မလေးရယ်
ငါဟာ ပင်လယ်ပြင်ပေါ်မှာ
ဣနြေ္ဒကြီးကြီးနဲ့ ရေငတ်ခဲ့တဲ့ကောင်ပါ။
ပြောပြချင်ပါသေးတယ်
ငါ့ကို ကုတ်ခြစ်ခဲ့တဲ့လက်သည်းကလေးရယ်
ကြက်ခြေခတ်တွေ အုပ်ထားတဲ့
ဘ၀ရဲ့  ခြေတံဟောင်းများကို
ဖယ်ရှားပေးနိုင်သူဟာ
နင်တစ်ယောက်တည်းပါ။
နင်မသိလို့ပါ
ငါ့ရင်ဘတ် ငါပိတ်ခဲ့တဲ့
သံယောဇဉ်ပုံပြင်မှာ
နင်ပဲရှိတယ်။
သူမ
နင်သိပါလေစ
ကျောင်းတော်ရဲ့  အစကတည်းက
ငါလွယ်ထားခဲ့ရတဲ့
ခရမ်းပြာ ဓားချက်များအကြောင်း
နေခြည်အစင်းစင်းတို့
နောင်ခေတ်အဆက်ဆက်မှာ
ငါ့ဘ၀ကို ပိုင်သသူကို
ပြောပြကြမှာက
ငါမက်မက်မောမော တန်ဖိုးထားတဲ့
အစိမ်းပွင့်တဲ့ ပန်းတစ်ပွင့်အကြောင်းပါ။
စိမ်းလန်းနေဦးမယ်
အတိတ်ကပန်းအလင်္ကာတစ်ပုဒ်နဲ့
တစ်ခါတစ်ခါ
ငါ့ရင်မှာ ချိုလွင်ဖူးတဲ့
ဆည်းလည်းသံလေးကို
သတိရနေဦးမှာပါ။
ငါဟာခိုးဝှက်ပြီးမှ
လွမ်းခဲ့ရတဲ့ကောင်ပါ
ဖြစ်နိုင်မယ်ဆိုရင်
ငါ့နိုင်ငံတော်မှာ
ဘုရင်မလာလုပ်လှည့်ပါကွယ်။ 

ဒီကဗျာလေး ကိုBeautiful January ဘလော့ထဲ အရိုင်းချယ်ရီ လျှောက်သော လမ်း ဆောင်းပါး ထဲ က ကူးယူစုဆောင်းထားတာပါ .။

No comments:

Post a Comment